Chaeyoung သင်တန်းကအပြန်ကတည်းက စိတ်တွေလေးလံနေမိသည်
လွန်ခဲ့တဲ့ ၅နှစ်တုန်းက ခံစားချက်အတိုင်း ယနေ့ ခံစားချက်တွေဟာလည်းသိပ်ကိုဆိုးရွားလွန်းတယ်
အဲ့ဒီလူဟာလည်း ဒီလောက်ထိ အပြတ်ငြင်းထားတာတောင် အရှက်မရှိ ပေါ်ပေါ်လာတတ်သည်
အထက်တန်းပြီးစက သူနဲ့ အတူ chaeyoung ဂစ်တာတီးသင်တန်းတက်ခဲ့သည်
သင်တန်းသားက ၅ယောက်ပဲ ရှိတာမို့ ၅ယောက်လုံးဟာ ရင်းရင်းနှီးနှီးရှိခဲ့ကြတယ်
တစ်ရက်မှာတော့ သူ့ဘက်က Chae ကိုဖွင့်ပြောလာခဲ့သည်
Chae ကလည်းလုံးဝ မချစ်နိုင်ကြောင်း အရိုးသားဆုံး ဝန်ခံခဲ့သည်ဒါကို သူ့ဘက်က မလျှော့ဘဲ ဆက်လိုက်သည်
နောက်ပိုင်း Chae တို့ဆက်ဆံရေးပါ အဆင်မပြေဖြစ်လာသည်သင်တန်းပြီးသွားတော့လည်း Chae သွားတဲ့ နေရာတွေမှာလိုက်နှောက်ယှက်တတ်သည်
ကြာလာတော့ Chae သူ့အပေါ်အတော်လေးစိတ်ပျက်လာတာမို့ သူ့ကိုနာကျင်အောင် ပြောပြီး လုံးဝဆက်မလိုက်ဖို့ ပြောခဲ့သည်
အဲ့လိုပြောပြီးနောက်ရက်မှာသူနိုင်ငံခြားထွက်သွားတဲ့ အကြောင်းကြားရသည်Chae လည်း အဲ့အချိန်ကစပြီး အေးအေးဆေးဆေးနေနိုင်ခဲ့သည်
အဲ့ကနေ ၃နှစ်အကြာမှာသူ Chae အနားကိုပြန်ရောက်လာပြန်တယ်
လွန်ခဲ့တဲ့ ၃နှစ်က Chae ကသူ့ကို အနာဂါတ်မရှိတဲ့လူလို့ပြောခဲ့တာကြောင့် သူနိုင်ငံခြားမှာအလုပ်သွားလုပ်တယ်တဲ့
အခုပိုက်ဆံတွေအတော်စုမိခဲ့ပြီမို့ သူ့ကိုလက်ခံပေးဖို့ပြောလာတယ်Chae သူ့ကိုမှမချစ်တာ ဒါမယ့် သူ့ရဲ့အလေးအနက်ထားမှုကြောင့် အရင်လိုပြန်ခင်မင်ခွင့်ပေးခဲ့မိသည်
အဲ့ဒီဆုံးဖြန်ချက်ဟာ မှားယွင်းကြောင်း နောက်တစ်ပတ်အကြာမှာ Chae သိခဲ့ရသည်သူနိုင်ငံခြားမှာလုပ်ခဲ့တဲ့အလုပ်ဟာ မူးယစ်ဆေးတွေတင်သွင်းတဲ့အလုပ်တဲ့လေ
ဒါ့ကြောင့် chae သူ့ကိုထပ်ငြင်းခဲ့သည်
အဲ့နောက်ပိုင်း သူပျောက်သွားပြန်ပြီး ဒီနေ့ Chae ရှေ့ကိုထပ်ပေါ်လာခြင်းဖြစ်သည်
DU LIEST GERADE
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ