"Chaeyoung က်ို Li ချစ်နေမိပြီ"
မျက်ဝန်းတွေက်ို တည့်မတ်စွာကြည့်ပြီး ပြောလာတဲ့ Lisa ရဲ့စကားတွေကြောင့် Chae နှလုံးသားလေးဟာ ထိန်းလို့မရအောက် ခုန်နေလေတယ်
"Chaeyoung Li ကိုစဥ်းစားပေးနိုင်မလားဟင်
အခုလိုဖွင့်ပြောလိုက်လို့လဲ စိတ်မဆိုးဘူးမလားဟင်"Chae ရင်ခုန်လွန်းလို့ ဘာတစ်ခွန်းမှ ပြန်မပြောမိတာကို Lisa ကသူ့ကိုစိတ်ဆိုးသွားတယ်လို့ ထင်နေပုံပါပဲ
"စိတ်မဆိုးပါဘူး "
"အဲ့ဒါဆို Li ကိုစဥ်းစားပေးမယ်မလားဟင် Chaeyoung"
အတင်းအဖြေမတောင်းဘဲ စဥ်းစားပေးဖို့ကိုအရင်ပြောတဲ့ Lisa ကြောင့် Chaeyoung ယခုကတည်းက သူ့ကို 10 မှတ်လောက်ပေးပြီးသားပင်
"အင်းစဥ်းစားပေးပါမယ်"
"Chaeyoung တစ်ခုတော့ ယုံပေးပါနော် Li Chaeyoung ကိုတကယ်ချစ်တယ်
chaeyoung ကပထမဆုံး Li ချစ်မိတဲ့သူပဲ""အင်းပါ Chae ယုံပါတယ်
Chae အချိန်ယူပြီးတော့ စဥ်းစားချင်တယ်
ပထမတစ်ကြိမ်မှာ ခံစားချက်ကို သေချာမစမ်းစစ်ခဲ့တော့ ကိုယ်ပဲ နာကျင်ခဲ့ရတယ်လေ
Lisa အပေါ်ကို Chae ခံစားချက်တွေဘယ်လိုရှိလဲဆိုတာ သေချာအဖြေထုတ်ပါရစေနော်""Chaeyoung ဘက်က အချိန်ဘယ်လောက်ပဲ ယူယူကိစ္စမရှိပါဘူး Li ဘက်ကလည်း Chaeyoung ယုံအောင်သက်သေပြမယ် Chaeyoung ကိုတကယ်ချစ်တယ်ဆိုတာကိုလေ"
ရှက်နေပါပြီဆို ဒီစကားပဲ ခနခနလာပြောနေတဲ့ Lisa ကြောင့် Chae နေရာမှာပင် အငွေ့ပျံသွားချင်စိတ်ပေါက်ရတယ်
ရင်ဘတ်ထဲက အကောင်ကလည်း ခုန်ပေါက်နေလိုက်တာများ Lisa ကြားသွားမှာတောင် စိုးရိမ်ရသည်
သေချာတာကတော့ Suzy နဲ့တုန်းက ဒီလိုခံစားချက်မျ်ုးမခံစားရဘူးပေ"Chae ပြန်တော့မယ်နော် အဲ့ဒါဆ်ု"
"အင်း ကောင်းကောင်းပြန်နော် Good Night"
"Lisa လည်းကောင်းကောင်းပြန်နော် "
"အင်း Chaeyoung အရင်ပြန် Li က Chaeyoung အိမ်ပြန်ရောက်ပြီဆိုမှ ပြန်မယ် စိတ်မချလို့"

YOU ARE READING
Young Belongs To LiLi
FanfictionYoung က LiLi အပိုင်ပဲ အခုရော နောင်ရော ဒါဟာအမြဲတမ်းမှန်နေမယ့် အရာပဲ