Part 30

1.1K 166 31
                                        

"ဦး​​လေး ချွဲဂျင်ဟီး"

ဘွား​လေးရဲ့လူယုံ​တော်ဖြစ်ပြီး Lisa ငယ်စဥ်ကတည်းက ​ဆွေမျိုးတစ်​ယောက်လို ချစ်ခင်ခဲ့ရတဲ့ ဦး​လေး ချွဲဂျင်ဟီးက ယခု Lisa ​ရှေ့မှာ ရပ်​နေသည်။

Young နဲ့အတူ ဒီကိုထွက်လာပြီးကတည်းက Lisa ဘွား​လေးအပါအဝင် ဘွား​လေးနဲ့ ပတ်သတ်တဲ့လူ​တွေအားလုံးကို အဆက်အသွယ်ဖြတ်ခဲ့ပြီးပြီဖြစ်ပြီး ​နေသားလည်း ကျ​နေခဲ့ပြီ။
ဒီအချိန်ကျမှ ဘာလို့ ဦး​လေးချွဲဂျင်ဟီးက Lisa ရှိ​နေတဲ့ ​နေရာကို ရှာပြီးလိုက်လာရ​လေသလဲ။
​သေချာ​ပေါက် ဘွား​လေးက လွှတ်လိုက်သည်ပဲ​နေမှာ​ပေါ့​လေ။

Lisa ခြံတံခါးကို ပြန်ပိတ်ဖို့ရန်လုပ်လိုက်​ပေမယ့်ထိုလက်တို့ကို ဦး​လေးချွဲဂျင်ဟီးက တားဆီးလာတယ်။

"ဘွား​လေး လွှတ်လိုက်တာမလား
ဒီမှာ ​နေသားကျ​နေပြီမို့ Li ကိုပြန်မ​ခေါ်ပါနဲ့ ​နောက်ပြီး Young နဲ့လည်း မခွဲနိုင်ဘူး"

"မဟုတ်ပါဘူး မမ​လေး
သခင်မကြီးကလွှတ်လိုက်တာမဟုတ်ပါဘူး
ဦး​လေးဒီကိုလာတာ​တောင်သခင်မကြီးမသိပါဘူး"

Lisa မျက်လုံး​တွေပြူးကျယ်သွားရသည်။
ဘွား​လေးလွှတ်လိုက်တာ မဟုတ်ဘဲနဲ့ ဦး​လေးချွဲက Lisa ကိုဘာ​ကြောင့်များ လာရှာရတာလဲ ။

"LiLi ဧည့်သည်လားဟင်"

​​အိမ်ထဲကထွက်လာပြီး Lisa ရဲ့လက်ကို တွဲချိတ်ရင်းနှင့် Young က​မေးသည်။
ထိုအခါ ဦး​လေးချွဲက Young ဆီအကြည့်​ရောက်သွားသည်။
Young ကိုယ်တိုင်လည်း Lisa ကိုတစ်လှည့် ဦး​လေးချွဲကိုတစ်လှည့်ကြည့်ရင်း Lisa ဆီကအ​​ဖြေကို ​စောင့်​မျှော်​နေသည်။

"ဒီတစ်​ယောက်က Park Chaeyoung ဆိုတာလား"

"ဟုတ်ပါတယ် ဦး​လေးချွဲ သူက Li ရဲ့ချစ်သူ အာ! အခုဆို Li တို့ကလက်ထပ်ပြီးပြီဆို​တော့ Li ရဲ့ဇနီး​ပေါ့ "

Lisa ရဲ့စကားကိုကြား​တော့ ဦး​လေးချွဲက အနည်းငယ်အံ့သြသွားပုံ​ပေါ်​ပေမယ့် မျက်နှာအမူအရာကို ပြန်လည်ထိန်းလိူက်နိုင်သည်။

"ဟုတ်ကဲ့ ဦး​လေးကိုယ့်ကိုကိုယ်ပဲမိတ်ဆက်ပါရ​စေ
ဦး​လေးက ​ဟောဒီက မမ​လေး Lalisa Manoban ရဲ့ အဘွားဖြစ်သူ Ms.Manoban ရဲ့လူယုံ​တော်ပါ
ချွဲဂျင်ဟီးလို့​ခေါ်ပါတယ်"

Young Belongs To LiLiWhere stories live. Discover now