"ခွပ်.... ''""ကဲကွာ.... ခွပ်.... မပြောပြချင်ဦးကွာ.....
ခွပ်.... ကဲကွာ.... ခွပ်.... ခွပ်........''"Company ရုံးခန်းလေးထဲ ထိုကဲ့သို့မြင်ရကြား
ရတာစိတ်မသက်သာစရာရှိလှတဲ့ များစွာသော
လက်သီးဖြင့်ထိုးနှက်နေသံကလွဲရင် ဘာသံမှပင်
မကြားရပေ။မည်သူတစ်ဦးတစ်ယောက်ကမျှလဲ အထိုးနှက်ခံ
နေရတဲ့ကောင်လေးဘက်ကနေဝင်ကာပြီး မပြော
ရဲပေးကြပေ။ရှောင်ချိန်မရပဲ ပြင်းထန်စွာကျရောက်လာတဲ့
လက်သီးချက်တွေကိုလဲငြိမ်ခံနေရုံသာ
ကောင်းသစ်တက်နိုင်သည်။သူလဲမမှားပါပဲ... သူတကယ်ကို ဘာအမှားမှ
မလုပ်ထားပါဘဲလေ... ။"G...GM... လက်လွန်လိမ့်မယ်နော်..
.. စိတ်ကိုလျှော့ပါရှင်
လက်လွန်ခြေလွန်တွေဖြစ်ကုန်လိမ့်မယ်""ဟုတ်ပါတယ်ရှင်... ကောင်းသစ်လဲမျက်နှာတစ်ခု
လုံးရစရာတောင်မရှိတော့ပါဘူး.. 'ရစရာမရှိအောင် စုတ်ပြတ်နေပြီဖြစ်တဲ့ထိုမျက်နှာ
နုနုဖက်ဖက်လေးကြောင့် ရုံးခန်းထဲရှိအမျိုးသမီး
နှစ်ဦးမှာရှိသမျှသတ္တိနှင့်အားကုန်စု၍ ဝင်ပြောပေး
မိတော့သည်။GMရဲ့အနောက်ဘက်ကနေ မမဝါနဲ့မအိက
သူ့ကိုသနားစရာကောင်းတဲ့အကြည့်တွေနဲ့
ကြည့်လာရင်းဝင်တားသည်။အခုထိစိတ်ပြေသွားဟန်မရှိပဲ ထိုGMဆိုသူက ကောင်းသစ်ရဲ့ ရှပ်အကျီ်ကော်လာကို ဆွဲစုတ်
ထားရင်း အံကြိတ်သံဖြင့်ပြောလာသည်။"တော်တော် သစ္စာရှိတဲ့ ခွေးဖြစ်ချင်နေတယ်ပေါ့
လေဟုတ်လား.. ?ဘာလဲ.. ငါ့လေးလေးဆီက
မင်းကဘာတွေမျှော်လင့်နေတာလဲ.. ဖြေလေ..
ချူစားကောင်ရဲ့! ""......''
စကားဆုံးသည်နှင့် အခန်းလေးထဲရှိလေထုကပိုပြီး
အေးစက်သွားသည်။ မမဝါနဲ့မအိတို့က ဘေးကနေGMဆိုသူကိုပဲ ဆွဲထားရလို.. ကောင်းသစ်ဆီပဲပြေးသွားရတော့မလိုနဲ့ ဗျာများကာ ကြံရာမရဖြစ်
နေကြသည်။"မင်းတို့က ဘာလဲ.. ကိုယ့်စောက်လုပ်ကိုမလုပ်
သေးပဲကြည့်စရာဘာရှိလဲ.. ဟမ်.. ''