ဒီနောက်ပိုင်း ဇမ်အလုပ်လုပ်တဲ့ဆိုင်ခန်းက်ို နောင်လွင်ဦးတို့ချောင်းပေါက်မတက်ရောက်ဖြစ်နေသည်။
တဖြေးဖြေးအဝင်အထွက်လုပ်နေတာများလာတော့ ဆိုင်ကကိုဝင်းနိုင်နဲ့တောင် သိပ်မစိမ်းသက်တော့ပေ။ အရင်ကတည်းကကိုဝင်းနိုင်ကဖော်ဖော်ရွေရွေရှိတာဆိုပေမဲ့ ဒီကောင်လေးကတော့ အင်းမလုပ် အဲမလုပ်ပင်။ သူစကားအကောင်းပြောပြီး တုံ့ပြန်မှုမြန်တာဆိုလို့ဇမ်သာရှိသည်။အခုလဲ အလုပ်ဆင်းရမည့်အချိန်မှာ ဇမ့်ကိုထိုင်စောင့်နေရင်းဖုန်းကိုအကြည့်မပျက်ပဲရှိနေသည်။ သူအနားရောက်လာတာတောင်မှ သတိထားမိပုံမရပဲဖုန်းကိုသာ သဲကြီးမဲကြီးဖြင့်ကြည့်နေသူအနား ဇမ်တိုးကပ်သွားလိုက်သည်။
"ဘာတွေအဲ့လောက်စိတ်ဝင်စားနေတာလဲ... "
နောင်ကလက်ထဲကဖုန်းကို ကိုင်မြှောက်ပြလိုက်ရင်း
ဇမ့်ရှေ့သို့ထိုးပြလိုက်သည်။"ဟော့ပေါ့သွားစားရအောင် ဆိုင်အသစ်တဲ့"
"ငါကိုယ်တိုင်လုပ်ကျွေးရမလား..."
"ခင်ဗျားဒါမျိုးလဲရတယ်လား... "
"ဘာလို့မရရမှာလဲ ဟော့ပေါ့ကငါအကြိုက်ဆုံးမို့
လုပ်စားဖြစ်တယ်... "သူပြောတော့ ကျေနပ်သလိုပြုံးရင်း တက်တက်ကြွကြွ
ထလာကာ အရှေ့ကဦးဆောင်ပြီးသွားတဲ့ကောင်လေး
နောက်ကို ဇမ်လဲလိုက်ခဲ့လိုက်သည်။
စကားအပြောမတက်တာနဲ့ထစ်ခနဲဒေါသကြီးတက်တာကလွဲရင် နောင့်မှာမကောင်းတဲ့အချက်များများစားစားရယ်လို့မရှိ။ဒါမှမဟုတ် ရင်းနှီးသွားတာမို့ဒီကောင်လေးကို အကောင်းဘက်ကနေပဲထင်ကြေးပေးနေမိလားတော့သူလဲမသိ။
"အမြန်လာလေ.. ကျွန်တော်ဗိုက်ဆာနေပြီနော် "
ခြေလှမ်းတွေရပ်ရင်းအနောက်သို့လှည့်ကာသူ့ကိုပြောလာ
သူကိုဇမ် ပြုံးရယ်ပြလိုက်ရင်း ခပ်သွက်သွက်လျှောက်
လာလိုက်သည်။ထိုလူရဲ့အပြုံးကိုမြင်လိုက်ရတာ အိတ်ကပ်ထဲထည့်ထားသည့်နောင့်လက်ကလေးတွေအနည်းငယ်တောင်တုန်ယင်
သွားသလိုခံစားလိုက်ရသည်။ လက်လွတ်စပယ် ပြုံးတာမျိုးတွေမလုပ်လို့ရမလား သူ့စိတ်ထဲတိုးဖွဖွသက်ပြင်းချမိသည်။