ခန့်ညားသစ်လွင်အိမ်ထဲဝင်ပြီးမကြာ အပြင်ဘက်
မှာကောင်းကင်တစ်ခုလုံးမဲမှောင်၍ မိုးကသည်းကြီးမဲကြီးကိုရွာချတော့သည်။ကံကောင်းစွာနဲ့လေယာဥ်ဆင်းချိန်က မိုးလေကင်း
လွတ်ချိန်ဖြစ်သည်ကို ယခုထိစိတ်သက်သာလို့
မဆုံးရှိနေသည်။အပေါ်ထပ်သို့ ရောက်သည့်နှင့် ခန္ဓာကိုယ်ပေါ်ရှိ
Suitကိုချွတ်ချပြီးနောက်မှာတော့ ကျန်ရှိနေ
သောအဝတ်များအားလုံးကိုဆွဲချွတ်လိုက်ရင်း
ရေချိုးခန်းထဲရှိရေပန်းအောက်သို့ဝင်ကာ ရေချိုး
လိုက်သည်။ခေါင်းမှတဆင့်စီးဆင်းသွားသော ရေစက်မှုန်များ
သည် ရင်ဘတ်ကြွက်သားတို့မှတဆင့်ဝမ်းဗိုက်သို့ဆက်လက်စီးဆင်းသွားသည်။ လက်ဖဝါးနှစ်ဖက်
ဖြင့် မျက်နှာကိုသပ်ချရင်း သူဆံပင်တွေကိုပါ
ဆွဲစု၍အပေါ်သို့လှန်တင်လိုက်သောအခါ လက်
မောင်းရှိကြွက်သားတို့ကထင်းခနဲပေါ်ထွက်လာ
သည်။အဆီပိုမရှိတဲ့ခါးအချိုးအဆစ်နှင့်အတူ ရေစက်
များက ခြေဖဝါးအထိသို့တစ်ဆင့်ချင်းစီးဆင်း
သွားသည်။ မှန်ထဲရှိသူမျက်နှာကိုသေချာပြန်
ကြည့်မိရင်း အနည်းငယ် ငုပ်စိတိုလေးထွက်
နေသော မုတ်ဆိတ်တိုလေးများကိုရှင်းပစ်ရန်
လုပ်လိုက်သည်။နက်မှောင်နေသော ထူတန်းတန်းမျက်ခုံးတို့က
ဆွဲဆောင်မှုအပြည့်ဖြင့် မှန်ထဲ၌ထင်ဟပ်သည်။
ထို့နောက်တော့ ရေပန်းအောက်သို့တစ်ဖန်ဝင်ကာ
ရေချိုးခြင်းအမှုကိုပြီးဆုံးစေလိုက်တော့သည်။T shirtနဲ့အိမ်နေရင်းဝတ်ဘောင်းဘီအရှည်ကိုကောက်စွပ်လိုက်ရင်းအောက်ထပ်သို့ပြန်ဆင်းလာ
လိုက်သည်။ထမင်းစားစာပွဲသို့ ဝင်ထိုင်ပြီးသောအခါအချိန်
ကည၈နာရီကျော်ရှိသွားပြီဖြစ်သည်။"ဆရာ... ထမင်းခူးလိုက်ရတော့မလား.. "
"အင်း... "
သူပြောလိုက်သည်နှင့်အနောက်ဘက်သို့ဝင်သွား
ရင်းပန်းကန်တွေသယ်ကာပြန်ထွက်လာသော
တပည့်ကျော်ကိုကြည့်ကာ မေးလိုက်၏။"မင်းရော.. စားပြီးပြီလား. . "
"မစားသေးဘူးဆရာ.. ခုတလောကျွန်တော်က
ညဘက်ဆိုနည်းနည်းနောက်ကျမှ စားဖြစ်နေတယ်.. "