နောင်လွင်ဦးBarထဲရှိဆူညံသံတို့ကြောင့် အိတ်
ကပ်ထဲကဖုန်းရဲ့တုန်ခါမှုကို သူသတိမထားမိခဲ့။
ဘေးနားတွင်တော့သူထည်လည်တွဲနေကြ မိန်း
ကလေးများထဲကတစ်ယောက်ကသူ့ပခုံးတို့အား
မှီတွယ်လျက်ရှိသည်။ သူခဏတော့နေလိုက်ရင်း
ပြန်ဖို့စိတ်ကူးမိသည်။နောင်လွင်ဦးကအပြင်မှာတိုက်ခန်းတစ်ခန်းဖြင့်သီး
သန့်နေသည်။ လေးလေးနဲ့ရှိနေလျှင်ဆုံးမသြဝါဒ
စကားတွေကို နားထောင်ရတာ သူစိတ်ရှုပ်တာ
ကြောင့်ဖြစ်သည်။ အသားခပ်ညိုညို အရပ် အ
မောင်းဒေါင်ကောင်းကောင်းနဲ့သူ့တွင် ညှို့အားပြင်းသောမျက်လုံးတွေက်ိုပိုင်ဆိုင်ထားတာ
ဆုံးပါးသွားတဲ့သူ့ဖေဖေဆီကဖြစ်သည်။"ပြန်တော့မယ်.. "
"နေပါဦး.. ဒီညလိုက်ခဲ့မယ်လေ.. "
သူထွက်သွားမယ်ဆိုတာတောင် ကောင်မလေးက
လွှတ်မပေးသေးပဲ လက်မောင်းကိုအတင်းမှီတွယ်ထားသည်။သူလက်တွေကိုအသာဆွဲချလိုက်ရင်း ငြင်းဆန်မိ၏။"မဖြစ်ဘူး. .ဒီနေ့တော့စိတ်မပါဘူး လေးလေးလဲ
ဒီနေ့ရောက်မှာမို့အိမ်ပြန်ရမယ်.. "နောက်ဆုံးလက်ကျန်ခွက်ထဲကဘီယာကိုကောက်
မော့ရင်းပြန်ရန်ထလိုက်သည်။". ..ကဲ.. ဒါဆို လစ်ပြီနော်..."
"လိုက်ပို့ပေးလေ နောင်ရဲ့.. "
"လိုက်တော့မပို့နိုင်ဘူး.. တက္ကစီသာငှားသွားလိုက်"
ပြောရင်း ပိုက်ဆံအိတ်ထဲကတစ်သောင်းတန်ရွက်
ကိုစားပွဲပေါ်ပုတ်ပြကာတင်ခဲ့လေသည်။လေးလေးကသာGayတစ်ယောက်မို့ ကောင်လေ
းတွေထည်လဲတွဲတယ်ဆို သူကလဲStraight
တစ်ယောက်ပဲမိန်းမတွေထည်လဲတွဲတာ သူ့ကြမှ
အပြစ်လာတင်လို့တော့မရ။ ဘာဘဲဖြစ်ဖြစ်
လေးလေးနည်းတူသူ့ဘက်ကတစ်ခုပေးရင် တစ်
ဖက်ကလဲ တစ်ခုပြန်ပေးတဲ့ဆက်ဆံရေးမျိုးပဲဖြစ်သည်။တစ်ခုတော့ထူးဆန်းသည် လေးလေးပြောင်းလဲသွားတာထိုအတွင်းရေးမှူးသစ်လေးနှင့်လုံးဝကိုသက်ဆိုင်သည်။ဘာကြောင့်လဲမသိပေမဲ့ ထုံပေပေဒူအအနဲ့အဲ့တစ်ယောက်ကိုသူလုံးဝကြည့်မရပေ။