32 (Unicode)

1.4K 58 4
                                    

ဒီရက်ပိုင်းအတွင်းကုမ္ပဏီသို့မသွားပဲ အိမ်မှာနားဖြစ်နေတာရက်အနည်းငယ်ရှိပြီဖြစ်သည်။ တစ်နည်းအားဖြင့် သူဦးခန့်ညားကိုရှောင်ပုန်းနေမိတာ ရက်အနည်းငယ်ရှိပြီဟုဆိုနိုင်၏။

ဒါပေမဲ့ အခုမှာတော့ သူအိမ်ရှေ့ထိရပ်ထိုးလာတဲ့ကားကြီးကြောင့် ကောင်းသစ်မနေသာပဲ အိမ်ရှေ့ခြံတံခါးကိုဖွင့်ပေးလိုက်ရတော့သည်။ တစ်နည်းမဟုတ်တစ်နည်းနဲ့တော့တွေ့ရမှာပဲကို အတူနေပြီးတဲ့ညထဲကသူဦးခန့်ညားကိုမျက်နှာချင်းဆိုင်ဖို့ ရှက်ရွံနေတော့သည်။

"လက်ထဲကဘာတွေဝယ်လာတာလဲ..."

"အခုထိအလုပ်မလာသေးတော့ ကလေးများ
နေမကောင်းလို့လားလို့.. စားကောင်းမယ်ထင်တာအကုန်ဝယ်လာတာပဲ"

နေကကောင်းတယ်.. စိတ်ကမကောင်းတာ...
ခင်ဗျားကိုမြင်နေရတာ ကျွန်တော့်မျက်နှာကြီး
မီးပူနဲ့ထိုးခံရသလိုခံစားနေရတာ...။

ခန့်ညား ကောင်းသစ်ရဲ့မျက်နှာအရိပ်အကဲကိုကြည့်ပြီး ဘာတစ်ခွန်းမှထပ်မပြောတော့ပဲ မီးဖိုချောင်ထဲသို့
ဝင်ကာဝယ်လာသမျှပစ္စည်းတွေကိုချလိုက်သည်။

"ကိုယ်ဝယ်လာတဲ့ ကြက်သားပေါင်မုန့်လေး နည်းနည်းလောက်စားကြည့်မလား.. "

"ကျွန်တော်စားပြီးသွားပြီ... "

ခေါင်းကိုအသာခါပြရင်း သူ့ဆီမျက်လုံးချင်းဆုံအောင်တောင်ကြည့်မလာတဲ့ကောင်လေးကို ခန့်ညား
အသဲတယားယားဖြစ်လာတာကြောင့် အနားသို့
တိုးကပ်သွားလိုက်ရင်းပခုံးတွေကိုဆွဲဖက်ကာ
ရင်ခွင်ထဲသို့သွင်းလိုက်သည်။

"ဒါဆို တစ်နေရာရာကများ မသက်မသာဖြစ်
နေသေးလို့ ခုထိကုမ္ပဏီကို မလာတာလား..."

"ခင်ဗျား...နော်.. ဘာ.. ဘာကိုပြောချင်တာလဲ.. "

"ကိုယ်ပြောတာမဟုတ်လို့လား.. သေချာလဲတွက်ကြည့်ပါဦးမင်းကိုမမြင်ရတာ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာ.."

သူ့အားဆောင့်အောင့်သလိုပြောလာတဲ့ခန့်ညားကြောင့်
ကောင်းသစ်ပြုံးလိုက်မိရင်း လက်တွေဖြင့်ခါးတွေကို
ပြန်လည်ဖက်တွယ်လိုက်မိသည်။

အချစ်နဲ့ထာဝရWhere stories live. Discover now