5 (Zawgyi)

937 21 0
                                    


အခန်းထဲလေထုကအေးစိမ့်လွန်းတဲ့အပြင် မိမိ
အရှေ့ကထိုလူကြီးက စိုက်ကြည့်နေသည်မို့
ကောင်းသစ်အနေရကြပ်လာသည်။

အလုပ်နဲ့ပတ်သတ်ပြီး ထင်သလောက်လဲဘာမှ
မေးမြန်းတာမျိုးမရှိပါ။

"မင်းကားမောင်းတက်လား.. "

"ကျွန်တော် မမောင်းတက်သေးဘူးဗျ.. "

ကောင်းသစ်အနေနဲ့ဆိုကားကိုအသာထားဦး။
စက်ဘီးတောင်တစ်ပတ်လည်အောင် သူနင်း
တက်တာမျိုးမဟုတ်တာကြောင့် အမှန်တိုင်း
ပဲဖြေမိတယ်။ဒါနဲ့တော့သူ့ကျိုအလုပျကနပေ
ယ်မချလောက်ဘူးထင်တာပဲလေ။

"ကိစ္စမရှိဘူး နောက်ကျကိုယ်သင်ပေးလို့ရတယ်
ဒါဆိုရပါပြီ.. ဒီတစ်ပတ်အတွင်း ကိုယ်ပြန်ပြီး
ဆက်သွားလိုက်မယ်.. "

"ဟုတ်ကဲ့ခင်ဗျ.. "

သူမတ်တပ်ထရပ်ကာနှုတ်ဆက်ပြီးတာနဲ့နေရာ
ကနေထသွားလိုက်သည်။ထို့နောက်အခန်းထော
င့်မှာထောင်ထားခဲ့တဲ့ထီးလေးကိုသွားယူရင်းအ
ပြင်သို့ထွက်ရန်ပြင်သည်။

ထိုနေရာကရေအိုင်လိုအကွက်ငယ်လေးဖြစ်သွား
တာကြောင့် သူအားနာသွားမိတယ်။ အမှန်ဆို
သူထီးကို အခန်းအပြင်မှာပဲဖြစ်ဖြစ် ထားခဲ့ဖို့
ကောင်းတာကို...

"ခဏနေဦး.. ကောင်လေး.. "

အတွေးမဆုံးခင် အနောက်ဘက်ကခေါ်သံ
ကြောင့်ခြေလှမ်းတွေကတုံ့ခနဲ.. ။

ခန့်ညားသစ်လွင်ဘယ်လိုမှ ဒီအတိုင်းပဲ ကြည့်မ
နေနိုင်တော့သူအခန်းရှေ့မှာထဲက တကိုယ်လုံး
မိုးမိပြီး ကြွက်စုပ်လေးလိုဖြစ်နေတာမလား.. ။
ဒါကိုအမြင်မတော်တဲ့လူကြီးတစ်ယောက်အနေ
နဲ့ သူကဘယ်လိုများဒီတိုင်းကြီးပြန်လွှတ်လိုက်
နိုင်ပါ့မလဲ။ တစ်ခုခုတော့ လုပ်ပေးလိုက်သင့်
သည်ဟူသော အတွေးကြောင့်လှမ်းခေါ်မိလိုက်
၏။

"မင်းတကိုယ်လုံးက ကြွက်စုပ်ဖြစ်တော့မယ်
ကိုယ့်မှာ အဝတ်ရှိတယ် လဲသွားလိုက်.. "

သူပြောရင်းနဲ့အခန်းထဲကဗီဒိုအကြီးကြီးရဲ့
အောက်ဆုံးဘက်ကနေ စက္ကူအိတ်နဲ့ထုတ်
ထားတဲ့အရာတစ်ခုကိုဆွဲထုတ်လိုက်သည်။
တခါတလေ သူဒီအခန်းထဲမှာအနားယူတာ
မျိုးရှိသည်ကြောင့် အဝတ်အပိုလောက်က
တော့ ကျန်ခဲ့စမြဲ။

အချစ်နဲ့ထာဝရWhere stories live. Discover now