ဦးခန့်ညားရဲ့အတွင်းရေးမှူးအဖြစ်သူဒုတိယအကြိမ်လုပ်ရဖို့အကြောင်းဖန်လာပြီဖြစ်၏။ အဝတ်အစားကတော့သာမန်ဝန်ထမ်းတွေနှင့်မတူပဲ ရှပ်လက်ရှည်အဖြူကိုပုဆိုးအကွက်စိပ်လေးဖြင့်တွဲဝတ်ရသည်။
တခါတလေခရီးဝေးသွားလျှင်တော့ စတိုင်လ်ပန်ဘောင်းဘီကိုအပေါ်ဝတ်ရှပ်လက်တိုနှင့်တွဲဝတ်ရသည်။ယနေ့ကသာမန်နေ့တွေတိုင်း ရှပ်ဖြူလွလွကိုတံတောင်ဆစ်
နားခေါက်တင်လိုက်ရင်း အည်ိုရောင်ပုဆိုးကွက်စိပ်လေးနှင့်ဝတ်ထားသည်။ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ခြေထောက်ဖြူသွယ်သွယ်လေးတွေကိုကတ္တီပါခြေညှပ်ဖိနပ်ထဲထိုးထည့်လိုက်သည်။မဝတ်ပဲစည်းကမ်းတကျသိမ်းထားသူပီပီဖိနပ်
ကနည်းနည်းလေးဖုန်တက်ချင်နေတာဖြစ်သောကြောင့်သူဖနောင့်ဖြင့်တစ်ချက်နှစ်ချက်ခါလိုက်သည်။ထို့နောက်မှာတော့ အိမ်ထဲကထွက်လာရင်း သူ့ရဲ့ဦးတည်ရာ
ကBusကားမှတ်တိုင်ဆီသို့သာ...Busစီးဖို့အတွက်နံနက်၇နာရီဆိုသောအချိန်ကရုံးသမား၊ အလုပ်သမားစသဖြင့်သာမန်လူလတ်တန်း
စားတို့အတွက် အနည်းငယ်နောက်ကျနေသည်ဟုဆိုနိုင်သည်။ သူကြုံရာ
ကားထဲသို့တိုးကြိတ်ဝင်လိုက်ရင်း နောက်ဆုံးမှာတော့
ကားထဲသို့ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။စတင်ထွက်ခါပြီဆိုသည်နှင့် လူလဲစကောထဲအလှိမ့်ခံရတဲ့ဇီးဖြူသီးလေးတွေနှင့်မခြား။ ဘယ်လိုပဲဖြစ်ဖြစ် အစောကြီးရောက်သွားနိုင်ဖို့သာ စိတ်ထဲရှိတာမို့ ကားသမားရဲ့
အမြန်နှုန်းဖြင့်နာရီဝက်အတွင်းပဲဆင်းရမည့်မှတ်တိုင်သို့ ရောက်ရှိသွားလေသည်။..........
ခန့်ညား ဒီမနက်ခင်းနိုးလာတော့ မနေ့ကဟီးရိုးဝင်
လုပ်ပြီးကာကွယ်ပေးချင်ခဲ့တဲ့အကျိုးကြောင့် သူလက်တစ်ဖက်က ကိုက်ခဲနေပြီဖြစ်သည်။ သူအိပ်ယာထဲကထလိုက်သည်နှင့်အခန်းတံခါးခေါက်သံက ကွက်တိပါပင်။သူဖွင့်လိုက်တော့ တံခါးအပြင်ဘက်မှာရပ်နေသည်
ကတပည့်ကျော်ဝေဖြိုး"ဆရာ မနိုးသေးဘူးထင်လို့ ကျွန်တော်လာနှိုးတာ
အောက်မှာဆရာ့အတွင်းရေးမှူးလေးတောင်ရောက်
နေပြီ.. "