ကုန်တိုက်ကနေထွက်လာပြီးတဲ့နောက်မှာတော့
ခန့်ညားကားရပ်ထားရာဆီသို့သာလာရင်း ကောင်း
သစ်ကိုဆွဲကိုင်ထားသည့်လက်ကိုလွှတ်မပေးသေး။
Driver seatတွင်ထိုင်ရန်လုပ်နေသောသူ့ကို
လက်သေးသေးလေးတစ်ဖက်ကလာဆွဲကိုင်သည်။"ဦးခန့်ညား.. ခင်ဗျားရဲ့လက်က.. "
"အာ.. ကိုယ်အဆင်ပြေပါတယ်.. "
အပြောထက်အလုပ်ကမြန်သည်။ ကောင်းသစ်က
လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်တော့ အော်သံ
နက်နက်ကြီးကဟိန်းထွက်လို့ မျက်နှာကနာကျင်
နေဟန်ကိုပိုပေါ်လွင်သည်။"အားးးးးးး.. "
"ဘာ.. ဘာဖြစ်သွားတာလဲ.. ?.."
သူကောင်လေးစိတ်မကောင်းဖြစ်မှာစိုးရိမ်ပြီးမျ
က်နှာကိုအချိန်မှီပြန်ထိန်းလိုက်ပေမဲ့ နာကျင်မှုကို
တော့ငြင်းမရ။"ကျွန်တော့ကြောင့်ခင်ဗျား ခုလိုဖြစ်သွားတာပါ
တောင်းပန်ပါတယ်.. ""မဟုတ်တာ.. နောက်ရက်အနည်းငယ်လောက်
ဆို ကိုယ်သက်သာသွားမှာပါ.. ""အခုဆေးခန်းသွားရအောင်.. ကျွန်တော်လိုက်
ပို့ပေးမယ်"ခန့်ညားကိုယ်တိုင်လဲ အဆင်မပြေတာကိုခံစားရ
သည်မို့သူမငြင်းမိတော့ပဲ ခေါင်းညိတ်ပြသည်။ နောက်ဆုံးမှာတော့ ကောင်လေးကdriver seatတွင်ထိုင်ပြီး သူကတော့ဘေးခုံမှာလိုက်
ပါခဲ့တော့သည်။ အခုလိုလေးကြတော့လဲ ယခင်
သူသွားရာနောက်တကောက်ကောက်လိုက်တက်
သော အတွင်းရေးမှူးကောင်လေးအဖြစ်ပြန်မြင်
နေရသလိုပင်။တစ်ဆက်တည်းမှာပဲ ဦးခန့်ညားတစ်ယောက်က
တော့အကြံတစ်ခုကိုတွေးမိကာ လှစ်ခနဲပြုံးလိုက်
မိ၏။သူတို့ဆေးခန်းကိုရောက်တော့ အဆစ်ကိုထိသွား
တာဖြစ်ကြောင်း သိပ်မကြာခင်ရောင်ရမ်းလာ
တော့မှာမို့လေးပင်သောအရာများနှင့် ထိခိုက်စေ
မည့်အရာကိုရှောင်ရှားရန်ဆရာဝန်ကသတိပေး
သည်။ သောက်ရမည့်ဆေးနှင့်လိမ်းရမည့်ဆေး
တချို့ကိုပါ တွဲဖက်ပေးလိုက်ရင်း ကုသမှုပြီးတာနဲ့
နှစ်ယောက်လုံးပြန်ထွက်လာကြသည်။ယခုတော့ ဦးခန့်ညားရဲ့လက်ကောက်ဝတ်မှာ အကောင်းစားလက်ပတ်နာရီအစား
ပတ်တီးဖွေးဖွေးကနေရာယူထားတာဖြစ်သည်။