အပြင်ဘက်ရှိရာသီဥတုကမိုးရွာပြီးသွားတာ
ကြောင့်နေရောင်ကျဲကျဲကအနည်းငယ်ထွက်
စပြုလာသည်။ စီတန်းပြီးကျပ်သိပ်နေတဲ့ကား
တန်းကြီးနဲ့အတူ ပလက်ဖောင်းပေါ်တွင်လူက
ကျဲသွားသည်မရှိ။ အလုပ်ဆင်းကြသူများနဲ့
ကျောင်းသမားများမှာလဲ ညနေ၄နာရီရှိပြီဖြစ်
တာကြောင့်အိမ်ပြန်ဖို့အတွက် Busပေါ် အပြေးအလွှားတက်သူကတက် စသဖြင့် စုံစီ
နဖာပြေးလွှားလှုပ်ရှားနေကြသည်။ရုတ်တရတ်ရွာချလိုက်တာကြောင့် ကတ္တရာလမ်း
မကြီးတစ်လျှောက်စိုထိုင်းထိုင်းဖြင့် ရေကွက်များ
ဖြစ်နေသည်။ ကားထဲရှိအဲယားကွန်းကစိတ်မွန်း
ကျပ်သလိုခံစားရသည်ကြောင့် ခန့်ညားအပေါ်
ဆုံးရှိကြယ်သီးတစ်လုံးကိုဖြုတ်ချလိုက်မှ အနည်း
ငယ်နေသာထိုင်သာရှိသွား၏။ ယနေ့ရုံးစောစော
ဆင်းပြီးသည်နှင့်သူကောင်လေးဆီအပြေးအလွှား
သွားချင်နေသောစိတ်ကသာလောနေသည်။မီးပွိုင့်မိနေတာကြောင့် ခေတ္တစောင့်ဆိုင်းရင်း
ကားမှန်တံခါးကိုချလိုက်မိသည်။ သူရပ်နေရာ
နေရာက စည်ကားတဲ့ဈေးနေရာလဲဖြစ်နေတာ
ကြောင့် လူသွားလူလာပုံမှန်ထပ်ထူထပ်နေတာဖြစ်သည်။"ဟင်.. "
အာမေဋိတ်အသံနှင့်အတူ သူကားမှတ်တိုင်သို့အမှတ်တမဲ့ကြည့်လိုက်တော့ နှစ်ယောက်မရှိ
သောထိုကောင်လေးကိုတွေ့လိုက်ရသည်။
အဖြူရောင် ရှပ်လက်တိုလေးနှင့် သိပ်မသစ်လွင်
ပါသော ပုဆိုးကွက်စိပ်လေးကိုဝတ်ထားသည်။
မိမိဘေးနားတွင်ကပ်လျက်ရပ်နေသော YBS
ကားအကြီးရဲ့ဓာတ်ငွေ့တွေကြောင့် သူအလျင်
အမြန်ပဲတံခါးကိုပိတ်ချလိုက်သည်။ထိုကဲ့သို့ကား
တွေကလာတဲ့ဓာတ်ငွေ့ကို သူသဘောမကျရင်ထဲ
ပျို့တက်သွားရရင်း ကောင်လေးကိုရှင်းရှင်းလင်း
လင်းမြင်ရရန်အရှေ့သို့လီဗာကိုအနည်းငယ်ဖိနင်း
လိုက်သည်။ကောင်လေးကမှတ်တိုင်ကနေထသွားပြီးလမ်း
ဖြတ်ကူးတာကိုမြင်လိုက်ရတာကြောင့် သူကား
ကိုလူရှင်းတဲ့ညာဘက်လမ်းကျဉ်းထဲချိုးကွေ့လို
က်ရင်း ခဏရပ်ထားလိုက်သည်။လက်ကအလျင်အမြန်ပဲကားသော့ကိုဖြုတ်ယူ
ကာ တံခါးကိုပိတ်လိုက်ရင်း ကောင်လေးဖြတ်
သွားရာနောက်သို့သူပါလမ်းဖြတ်ကူးလိုက်သည်။
ကားတွေအဆက်မပြတ်သွားနေတာမို့ သူရပ်ရင်း
ကူးရင်းနဲ့ပဲကောင်လေးရဲ့ကျောပြင်ကပျောက်သွားသည်။