6 (Unicode)

2.1K 101 7
                                    


အလုပ်တက်တဲ့သုံးရက်မြောက်နေ့မှာပဲ သူမဝါနဲ့
မအိတို့ရဲ့ဖော်ရွေမှုကြောင့်အနေရကြပ်တာမျိုးမ
ရှိတော့ပေ။

သို့ပေမဲ့ ထိုမမတွေကစကားကိုအတော်လေးပြော
နိုင်သည်။ သာမန်စကားပြောတာနှင့်က်ိုမတူပဲ
ပြောနိုင်သည်ဆိုတာထက်ကို ပိုပိုပြီးပြောနိုင်ကြ
တာကိုဖြစ်နေသည်။

ဒီရက်ပိုင်းလေးမှာပဲ သူတို့ရဲ့စကားထဲကနေ
သူမသိသေးတဲ့ဦးခန့်ညားရဲ့အကြောင်းကို
အနည်းအကျဥ်းတော့သိလာရသည်။

ထိုလူကြီးကတစ်ကိုယ်တည်းလူပျိုကြီး ဖြစ်တဲ့
အပြင် တူလေးတစ်ယောက်ရှိကြောင်း
ဒါ့အပြင် ဂေးတစ်ယောက်လဲဖြစ်နေသေးရာ
ကောင်လေးငယ်ငယ်လေးများနဲ့လဲ တွဲသွားတွဲလာ
မျိုးပေါ်တင်အခြေအနေမရှိပေမဲ့ ဟိုတယ်တွင်အချိန်ကုန်ဆုံးတက်ကြောင်းတို့ဖြစ်သည်။
ထိုအကြောင်းကို ပြန်တွေးမိတိုင်း
ယခုထမင်းပင် သူကောင်းကောင်းမစားနိုင်တော့။

"ကောင်းလေး.. စားမကောင်းလို့လား..
ရော့..  ဒီမှာ အစ်မတို့ဆီက ဟင်းလဲထည့်စားပါ"

အစကသူတစ်ယောက်တည်းစားနေပေမဲ့ အစ်မတွေ
ကလဲဖော်ရွေစွာခေါ်နေတာမို့ အတူထိုင်စားဖြစ်သွား
ခြင်း ဖြစ်သည်။ ယခုလဲ မဝါလေးက သူ့ချိုင့်ထဲသို့
ဟင်းတွေဇွတ်ထည့်ပေးနေသည်။ သူစိတ်နှလုံး
မကောင်းတာကြောင့် တကယ်တော့ဘာကိုမှမစား
ချင်တာဖြစ်သည်။

"ကျွန်တော်.. ရင်ပြည့်နေလို့အစ်မ..  "

"အစ်မမှာ.. အစာကြေဆေးလဲပါတယ်..ထမင်း
စားပြီးရင်ပေးမယ်နော်..ခဏလေး.. "

"ဟုတ်ကဲ့... "

သူချိုင့်သိမ်းပြီး အခန်းထဲကိုဝင်ခါနီးတစ်ခုခုကို
သတိရသွားတာကြောင့် မဝါလေးနဲ့မအိတို့အား
မေးလိုက်မိသည်။ တခြားတော့မဟုတ် ဦးခန့်ညား
ရဲ့တူ တစ်ဖြစ်လဲGMဆိုသောသူကို ယခုထက်ထိ
သူမတွေ့မိသေးတာကြောင့် ဖြစ်သည်။

"ဒါနဲ့လေ.. ကျွန်တော်ရုံးလာတာ သုံးရက်ရှိပြီ
GMကိုလဲ မတွေ့မိဘူးနော်.. "

ထမင်းပလုပ်ပလောင်းစားနေရင်း ရင်ဘတ်ကို
ထုနေသော မဝါလေးကို မအိကနောက်ကျော
လေးအသာပုပ်ရင်း မာန်မဲသည်။

အချစ်နဲ့ထာဝရWhere stories live. Discover now