ဇမ့်ရဲ့အနောက်ကနေနောင်အသံတိတ်လိုက်လာရင်း
အိမ်ထဲရောက်တော့ ဝေ့ပတ်ကြည့်မိသည်။ ဘာမှထူးထူးခြားခြားအပြင်အဆင်ရယ်လို့မရှိပဲအိမ်လေးကသပ်ရပ်သည်။အနည်းငယ်ဟထားတဲ့တံခါးကြီးရဲ့အနောက်မှာတော့
ပန်းချီကားချပ်အမျိူးမျိူးက ကြမ်းပြင်မှာတချို့က
ပြန့်ကျဲနေပြီးတချို့ကနံရံမှာချိတ်လျက်သားရှိသည်။"အခန်းထဲဝင်ကြည့်ချင်လို့လား... "
ဇမ်မေးလာတော့ ထိုကောင်လေးကဘာမှမဖြေပဲသူ့အိမ်သူ့ယာလိုအခန်းထဲသို့တန်းတန်းမတ်မတ်ဝင်သွားသည်။
ဇမ် နှုတ်ခမ်းတွေကိုအနည်းငယ်တွန့်ကွေးလိုက်ရင်း
လက်ကဒဏ်ရာကိုဆေးထည့်ပေးဖို့အတွက် ဆေးသေတ္တာကိုသာသွားရှာရန်ထွက်သွားလိုက်၏။နောင့်အနေနဲ့လဲ ထိုလူရဲ့အမေးသဘောဆောင်သောစကားအရပြန်ဖြေဖို့မလိုဘူးဟုထင်တာဖြစ်သည်။ဝင်ကြည့်ချင်လို့လားဟုမေးလိုက်တဲ့ပုံစံအရဆိုရင် သူဝင်ကြည့်လဲကိစ္စမရှိဘူးဆိုသည့်သဘောနှင့်တူတူပဲမလား။ဒါကြောင့် ဘာမှမဖြေတော့ပဲအခန်းထဲသို့သာ တန်းတန်းမတ်မတ်ဝင်သွားလိုက်သည်။
"ဒါတွေအကုန်လုံး ခင်ဗျားကိုယ်တိုင်ဆွဲထားတာပေါ့"
"ငါကလွဲပြီးဘယ်သူရှိဦးမှာလဲ.. "
ဇမ်ကအခန်းထဲကပန်းချီဆွဲတဲ့ထိုင်ခုံမှာ နောင့်ကိုဝင်ထိုင်ဖို့အချက်ပြလိုက်တော့သဘောပေါက်စွာအလိုက်သင့်ထိုင်သည်။
ထို့နောက် ယူလာတဲ့ဆေးသေတ္တာကိုကြမ်းပြင်သို့
ချလိုက်ရင်း ဇမ်ကပါထိုကောင်လေးရှေ့ဒူးထောက်ထိုင်ချရင်း လက်ကိုဆွဲယူလိုက်သည်။"ကျစ်... ကျစ်... တော်တော်ရှသွားတာပဲ..
ဆေးခန်းပဲသွားလိုက်သင့်လား..""ဒီလောက်နဲ့ကဘာမှမဖြစ်ဘူး မြန်မြန်လုပ်ပေး..."
"အရက်ပျံအရင်လောင်းပြီးသန့်ရမယ်..တော်ကြာပိုးဝင်နေမှာစိုးလို့...."
"အင်း... "
ပြောပြီးသည်နှင့်ဒဏ်ရာပေါ်သို့အရက်ပြန်လောင်းချလိုက်ရာ နောင့်မှာလက်ကိုပြန်ရုပ်လိုက်ရင်း အံကြိတ်ထားမိတော့သည်။