ဖုန်းခေါ်လာသူရဲ့အသံကသိပ်တိုးလွန်းတာ
ကြောင့်သူဖုန်းကိုနားအနားသို့တိုးကပ်လိုက်
မိတယ်။ ဒါတောင်ခုထိဘာတစ်ခွန်းမှဆက်
ပြောမလာ ဖုန်းချရန်လုပ်လိုက်ကာမှ တစ်ဖက်က
ခပ်တိုးတိုးအသံထွက်ကျလာသည်။"ကိုကို.. "
ထိုအသံကြောင့်ရှော့ရသွားကာ သူအေးဆေး
တည်ငြိမ်စွာပဲပြန်တုံ့ပြန်လိုက်သည်။တစ်ဖက်လူရဲ့ဇွဲကောင်းတာလားစွဲလမ်းမှုလား
တော့သူမသိပေမဲ့ ဂရုဏာစိတ်တို့ အနည်းငယ်
ကျန်၍ သူကောင်းကောင်းမွန်မွန် တုံ့ပြန်ရန်ပဲ
တွေးလိုက်သည်။အရင်ထဲကခန့်ညားသစ်လွင်ဆိုတဲ့သူက တစ်ဖက်
သားကိုသနားကြင်နာစိတ်ရှိပြီးသားမလား.. ။"အင်း... ပြောလေ.. "
"ကိုကို... ပြန်ရောက်နေပြီဆို.. ကျွန်တော်တို့
တွေ့ကြရအောင်လေ... "တစ်ဖက်ကမရဲတရဲပြောနေတဲ့အသံကသူ့အတွက်တော့စိတ်ရှုပ်ထွေးမှုနှင့်အားနာမှုဆိုသော အရာကလွဲရင်ဘာကိုမျှမခံစားရ။
ဆေးလိပ်ငွေ့ကိုအသာမှုတ်ထုတ်လိုက်ရင်းလ
သာဆောင်ဘက်သို့လမ်းလျှောက်ခဲ့လိုက်သည်။
အပြင်ဘက်မှာမှောင်နေပြီဆိုပေမဲ့ အခန်းရဲ့မီး
ကြောင့်လင်းထင်းနေသည်။"ကိုယ်ပြောပြီးပြီလေ ဇမ်ရဲ့.. ကိုယ်တို့ကြားက
ပတ်သတ်မှုကသာမန်ထက်မပိုပါဘူးလို့.. ""ကျွန်တော်အဲ့လိုမထင်ဘူး.. အခြားသူတွေထက်
စာရင်အချိန်အကြာကြီးအတူရှိခဲ့တယ်လေ
ဟုတ်တယ်မလား.. ဘာကြောင့်ခုမှ ပြောင်းလဲ
သွားရတာလဲဗျာကျွန်တော်ခင်ဗျားကို အပျော်အ
ပျက်မှမဟုတ်ခဲ့တာ ""ကိုယ်ကတော့ပျော်ချင်လို့လုပ်ခဲ့တာ.. "
တစ်ဖက်ကရှိုက်သံတစ်ချက်ထွက်လာတာကြောင့်
သူစကားကိုဒီမှာပဲ ရပ်ပစ်လိုက်ချင်သည်။
ဒီထက်ဆက်ပြောရင် တစ်ဖက်လူနာကျင်မှာကို
သူစိုးရိမ်သည်။သို့ပေမဲ့လဲဆက်မပြောလို့ကမဖြစ်သည်မို့
"ကိုယ်အရင်ထဲကရှင်းရှင်းလင်းလင်း ဇမ့်ကို
ပြောခဲ့တယ်လေ... ကိုယ်ဒီလိုပဲနေလာခဲ့တာ
မျှော်လင့်ချက်တွေမပေးခဲ့မိဘူးထင်ပါတယ်
ဇမ့်အပေါ်ကိုမှ မဟုတ်ဘူး.. ကိုယ်ပတ်သတ်ခဲ့
သမျှလူတိုင်းအပေါ်မှာ ကိုယ်ကဒီလိုမျိုးပဲ သိရဲ့
သားနဲ့မင်းဘာလို့နားမလည်ချင်ရတာလဲကွာ.. "