ဓာတ်လှေကားထဲဝင်လိုက်ပြီး နံပါတ်၅ အထပ်
သို့သွားရမည့်ခလုပ်ကိုနှိပ်လိုက်သည်။ အရင်က
အလုပ်နဲ့ပတ်သတ်လို့ခုလောက်ထိအသေအချာလျှောက်ဖူးတာမဟုတ်သလိုကုမ္ပဏီကြီးတွေမှာ
လဲလုပ်ငန်းအတွေ့အကြုံမရှိခဲ့။အခုကနာမည်ကြီးကုမ္ပဏီဖြစ်နေတာရောကြောင့်လျှောက်လွှာFormကစလို့ အဝတ်အစားအဆုံး
သူလဲသပ်ရပ်အောင်ထွက်လာတုန်းကထိ အ
ကောင်းဆုံးပြင်ဆင်ခဲ့တာပဲလေ။မိုးကရွာမယ်လို့မှအသိမပေးခဲ့တာ။
သူဌေးဘက်ကချိန်းဆိုထားတဲ့အခန်းတံခါးရှေ့
ရောက်တာနဲ့သူမတ်တပ်ရပ်လိုက်ရင်း အဝတ်
အစားကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြင်
ဝတ်လိုက်မိတယ်။ကိုင်ထားတဲ့လက်ကထီးကောက်ကြီးရဲ့ ရေ
တစက်စက်စီးကျနေပုံကြောင့် သူဒီအခန်း
ထဲကိုဝင်သွားရမှာတောင်အနည်းငယ်အားနာ
နေမိသည်။အခန်းတံခါးဆီကဘဲလ်ကိုတီးလိုက်ရင်း သူ
မိနစ်အနည်းငယ်တော့စောင့်လိုက်ရသည်။
ကြည့်ရတာသူဌေးကအထဲမှာ အစည်းအဝေး
တွေဘာတွေများရှိလို့ဆွေးနွေးနေပုံရသည်ဟု
တောင်တွေးထင်မိလိုက်သေးတယ်။တကယ်တမ်းအခန်းတံခါးဖွင့်လာတာကို မြင်လိုက်
ရတော့bathrobeကိုသာဝတ်ထားရင်း အပေါ်
ပိုင်းကလဲလှစ်ဟထားသေးသည်။ အခန်းတံခါးကို
ကိုင်ထားတဲ့လက်တစ်ဖက်ရှိကျောက်စိမ်းရောင်
အသေးလေးပါသော လက်စွပ်သည်ဖြူလွသော သွေးကြောစိမ်းတို့ပေါ်တွင်ထင်းခနဲ။ရှင်းလင်းပြီးယောကျာ်းပီသကာဆွဲဆောင်မှုရှိတဲ့
ထိုမျက်နှာပေါ်တွင်ခပ်ထူထူမျက်ခုံးတို့ကတန်းခနဲ။သူအံ့သြသလို မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်မိ
တော့တစ်ဖက်ကလဲ သူ့ကိုမျက်တောင်မခပ်ပဲ
ကြည့်နေသေးသည်။ကြောက်ရွံနေတာမျိူးမဟုတ်ပဲ ရင်ဘတ်ထဲက
အကောင်ပေါက်က အဆမတန်ခုန်မြန်လွန်းတာ
ကြောင့်ထိုနေရာကနေ အငွေ့ပျံကာပျောက်သွား
ချင်၏။ဒီအသက်အရွယ်ရောက်မှ တစ်ခါမှတောင်ချစ်သူ
ရည်းစားမထားခဲ့ဖူးတဲ့သူက သူ့အရှေ့မှာရပ်နေ
သောယခုမှတစ်ကြိမ်သာမြင်ဖူးတဲ့ လူကြီးကြောင့်
သွေးလွှတ်ကြောထဲထိ တုန်ခါနေမိသည်။