ဒီနေ့မနက်ရဲ့Facebook Pageတစ်ခုမှာပါလာတဲ့အကြောင်းအရာက လူတော်တော်များများက်ိုအပြည့်အဝစိတ်ဝင်စားဖို့လှုံ့ဆော်ပေးနေသောခေါင်းစီးဖြစ်လေသည်။
"ကိုနောင်.. ကိုနောင်.... ဒါကိုတစ်ချက်ကြည့်ပါဦး.."
ကော်ဖီသောက်နေရင်း တစ်ဖက်ကဖုန်းကိုလဲပြန်ဖြေပေးနေသည့်နောင်ဦးတစ်ယောက် အလျင်စလိုလာလုပ်နေတဲ့ဝေဖြိုးက်ိုအော်လိုက်မိသည်။ လေးလေးမရှိတာကြောင့်နောင်ဦး ဒီရက်တွေကိုအိမ်မှာပြန်လာနေဖြစ်ခြင်းသာ...
"အလန့်တကြားနဲ့ဘာစောက်ကိစ္စကအရေးကြီးနေလို့လဲငါဒီမှာဖုန်းပြောနေတာမမြင်ဘူးလား.. "
"အရေးကြီးတာပေါ့ဗျာ.. အခုထိအင်တာနတ်မကြည့်ရ
သေးတာလား..ဒါဆိုလဲ ကျွန်တော်ပြတာသာကြည့်တော့.."အတင်းလက်ထဲထိုးထည့်ပေးဖို့လုပ်နေတာကြောင့်
နောင်ဦး ပြောလက်စဖုန်းကို အပြီးသတ်လိုက်တော့၏။
သူဝေဖြိုးဆီကယူကြည့်လိုက်တော့ အရေးကြီးတဲ့သတင်းကတခြားတော့မဟုတ်.. ။ ဥစ္စာပေါ၊ရုပ်ချောပြီး လက်ရှိမှာစီးပွားရေးလောကထဲနာမည်ရပြိိီးသား ခန့်ညားသစ်လွင်ဆိုသော လေးလေးက သူ့ထက်ငယ်သောကောင်လေးတွေနဲ့ပွေရှုပ်တက်သော အကျင့်ရှိသူ၊ တစ်နည်းအားဖြင့် လေးလေးက Homoတစ်ယောက်ဖြစ်ကြောင်းကိုလူစိတ်ဝင်စား
အောင်ရေးထားခြင်းဖြစ်သည်။ ဒီကိစ္စကို အတိအလင်း
မကြေညာထားသည်ကလွဲရင် လေးလေးရဲ့အသိုင်းအဝိုင်းနဲ့မိတ်ဆွေတစ်ချို့ကသိကြတာမို့ ပြဿနာအကြီးကြီးတော့လဲမဟုတ်တော့သလိုပါပဲ။လူတွေကကိုယ့်အကြောင်းကိစ္စထက် သူများကိစ္စကိုဆို
ပိုအလေးပေး သိချင်စိတ်များတာကပုံမှန်ပါပဲ။ ဒါကထူးဆန်းတာမဟုတ်ပေမဲ့ လက်ရှိမှာ အတွင်းရေးမှူးလေးနဲ့ဘာလိုလိုညာလိုလိုဆိုသော စာကြောင်းကိုမြင်တော့ သူနှာခေါင်းရှုံ့လိုက်မိသည်။ လေးလေးကဘယ်လိုပဲဖြစ်ဖြစ်ဒီလောက်နဲ့ ဘာမှဖြစ်မသွားနိုင်ပေမဲ့ အဲ့ဒီထုံပေပေအတွင်းရေးမှုးလေးကရော အဆင်ပြေပါ့မလားလို့ သူတွေးပေးနေမိ၏။"ဘာမှထူးဆန်းနေတာလဲမဟုတ်ဘူး..လာပြမနေနဲ့.. "
သူဖုန်းကို စားပွဲပေါ်ပြန်ပစ်တင်လိုက်ရင်း သောက်လက်စကော်ဖီခွက်ကိုလက်လှမ်းရင်းတွေးလိုက်သည်။