17 (Unicode)

1.4K 85 10
                                    


အလုပ်လုပ်ရာမှာတိကျလွန်းတဲ့ဇမ့်ကိုတော့
ကိုဝင်းနိုင်အနေဖြင့်အထူးတလည်စိတ်ပူနေ
စရာမရှိ။ Deadline အတွင်းပြီးသွားတဲ့
ပန်းချီကားတွေကိုကြည့်ကာ စိတ်ကျေနပ်သွား
သည့်အပြုံးကိုပြုံးလိုက်သည်။ထို့နောက် လက်
တွေကိုအရှေ့ဘက်သို့ကားပြီးဆန့်တန်းလိုက်ကာ
ဇမ်အားဖက်လိုက်သည်။

"ပင်ပန်းသွားပြီ.. ဒီတလောတွင်းအပ်ထားတာ
တွေရှိသေးပေမဲ့ ဇမ့်ကိုအပြည့်အဝအနားယူ
စေချင်လို့ ရက်ကိုနောက်ဆုတ်ထားတယ်
အဆင်ပြေလား.. "

"မဟုတ်တာ.. ဖြစ်နိုင်ရင် ကျွန်တော်မနားရ
လေပိုအဆင်ပြေလေပဲ.. "

တစ်ခုခုကိုအာရုံလွှဲပြောင်းထားမှ စိတ်ခံစားချက်
ကအနည်းငယ်သက်သာမည်ဟု သူထင်တာဖြစ်
သည်။

"ဇမ်.. ငါခဏခဏပြောပြီးသားဆိုပေမဲ့..
အခုထက်ပြီး.. "

"ခဏခဏပြောပြီးသားဆို ကျွန်တော်လဲမှတ်မိ
နေပါပြီဗျာ
ဒါကြောင့် ထပ်မပြောပါနဲ့တော့.. "

"မဟုတ်သေးဘူးလေကွာ.."

သူနားညည်းသလိုခေါင်းခါပြကာ လက်သန်းလေး
ဖြင့်နားကိုကလော်ထိုးလိုက်သည်။ထို့နောက်သူ့
ပခုံးအားသိုင်းဖက်ထားတဲ့ကိုဝင်းနိုင်ရဲ့လက်တွေ
ကိုဖယ်ချလိုက်ပြီး ဆိုင်ပေါက်ဝသို့တန်းတန်းမတ်
မတ်သွားကာ အပြင်သို့ထွက်ရန်ပြင်လေသည်။

"ဒါကဘယ်လဲ.. မင်းလာမယ်ဆိုလို့ ငါဟော့ပေါ့
တောင်ရှယ်ကိုချက်ထားတာနော်.. "

"တော်ပါပြီ.. ကျွန်တော့်အတွက်အဲ့ဒါတွေအခု
ချိန်စားလဲ အရသာမရှိဘူး.. "

"အခုကဘယ်လဲ.. အိမ်ပြန်မယ်ဆိုအိမ်ပဲပြန်နော်
ထပ်ပြီးတော့.. "

"ကိုကို့ဆီ.. !"

ဝင်းနိုင်တစ်ယောက်သူ့စကားတောင်မဆုံးသေးပဲ
ဖြတ်ပြောလာတဲ့ဇမ့်ကြောင့် မျက်ဖြူပါလန်ချင်
သွားသည်။ ဒီကောင်လေးကတကိုကိုနဲ့ဖြစ်နေတာ
ကြာရင်ရူးသွားမှာတော့မဟုတ်ဘူးမလား.. ။

ပြောပြီးတာနဲ့ထွက်သွားပြီဖြစ်တဲ့ထိုကောင်လေး
ကြားအောင်သူလဲအသံကိုကျယ်နိုင်သမျှကျယ်
ရင်း အော်ပြောမိသည်က...

အချစ်နဲ့ထာဝရWhere stories live. Discover now