ကုမ္ပဏီနှစ်ပတ်လည်နေ့ဖြစ်တဲ့အပြင်ဒီတစ်ခေါက်နေပြည်တော်ရှိ လုပ်ငန်းသစ်တိုးချဲ့ဖို့အတွက်
အောင်ပွံခံအထိမ်းအမှတ်အဖြစ် ပါတီပွဲလေးလုပ်
ဖြစ်ခဲ့ကြသည်။ အစကဝန်ထမ်းတွေသဘောထားအရ ပါတီပွဲနှင့် အလည်အပတ်ခရီးစဥ် နှစ်မျိူးထဲကကြိုက်ရာတစ်မျိုးရွေးလို့ရတယ်ပြောထားပေမဲ့လည်း အားလုံးကတက်ကြွစွာပဲ ပါတီပွဲကိုသာရွေးချယ်ခဲ့ကြသည်။ ခန့်ညားရဲ့ဟိုတယ်ရှိအခန်းတစ်ခန်းထဲမှာပဲပါတီကိုကျင်းပဖို့အစီအစဥ်ဆွဲခဲ့တာဖြစ်ပြီး ရင်းနှီးတဲ့မိတ်ဆွေတော်တော်များများကိုပါ ဖိတ်ထားသည်။သိပ်မပြင်းတဲ့ အယ်လ်ကိုဟောထည့်ထားတဲ့
ဖန်ခွက်လေးကိုစက်ဝိုင်းပုံလှည့်ကာဆော့ကစား
မိရင်း မျက်လုံးတွေကတော့ ဝန်ထမ်းတွေနဲ့အတူရယ်မောကာ ရှိနေသည့်ကောင်လေးဆီကမခွာမိ။
ကောင်လေးက အပေါ်အကျီ်ရှပ်အဖြူလေးကို ရင်ဘတ်ကြယ်သီးတစ်လုံးဖြုတ်ထားသေးသည်။
ရီဝေဝေအကြည့်တို့က သူအနည်းငယ်မူးနေပြီ
မှန်းသိသာတော့ခန့်ညားပြုံးလိုက်မိသည်။စတိုင်လ်ပန်ဘောင်းဘီနက်ပြာရောင်ကိုအပေါ်ရှိ
ကုတ်အကျီ်နက်ပြာရောင်အစင်းကြားဖြင့်တွဲ
ဝတ်ထားရာ ရင်ဘတ်၌တပ်ထားသော အဖြူရောင်အလှရင်ထိုးကျောက်လေးမှာတဖိတ်ဖိတ်တောက်ပနေသည်။ နဂိုဖြူတဲ့ခန့်ညားရဲ့အသားအရေက ဒီည
ဝတ်ထားတဲ့ဝတ်စုံကြောင့် မီးရောင်ထိန်ထိန်အောက်
မှာ ပိုပြီးပြည့်စုံကာကြည့်ကောင်းသည်ဟု
ကောင်းသစ်အဝေးကနေအကဲခတ်ရင်း ချီးကျူး
နေမိ၏။ ဒီလိုလူမျိူးကသူ့အပိုင်ဖြစ်လာတာကြောင့် ဂုဏ်ယူနေမိရင်း ကြည်နူးမှူတို့ ဖိတ်လျှံကျတော့
မလိုပင်။သို့သော် တစ်စုံတစ်ယောက်ကြောင့် ကောင်းသစ်ရဲ့အတွေးတွေချက်ချင်းပဲ စိတ်မသက်မသာအခြေ
အနေသို့ရောက်သွားခဲ့သည်။သိပ်မဝေးတဲ့အကွာအဝေးမို့ သူတို့ဘာတွေပြောနေမလဲ
ဆိုတာ ကောင်းသစ်နားစွင့်မိသည်။ ကိုကိုကဇမ္ဗူမင်းလွင်ဆိုတဲ့ကောင်လေးရဲ့ ပခုံးတွေကိုခပ်ဖွဖွ
ဖိကိုင်ကာ သူတို့ကြားထဲဆွဲခေါ်လိုက်ရင်း ဒီကောင်လေးကို ပွဲထုတ်နေတာဖြစ်ပုံရသည်။ အကြောင်းအရင်းကိုသိပေမဲ့ သူကလေးဆန်စွာ သဝန်တိုနေမိသည်။ တကယ်တမ်းကြ ဒီကောင်လေးလောက်
သူကတကယ်ကို အရေးမပါသလိုပင်။