7 (Zawgyi)

817 20 0
                                    

"ဟေးးး...မင်းကဘယ်သူလဲလို့
အိမ်ထဲကိုဘယ်လိုရောက်နေတာလဲ.. "

လူကိုမျက်လုံးတွေကျဉ်းကာမှေးကြည့်နေရင်း
မျက်နှာပေါ်တွင်တော့ သဘောမကျဘူးဆိုသည့်
အရိပ်အယောင်တွေကအထင်းသားပေါ်နေသည်။

သူကြောက်တာရယ်မဟုတ်ပေမဲ့ ဦးခန့်ညားထက်
စာရင် ဂျစ်တီးဂျစ်ကန်နိုင်ပြီး စိတ်သဘောထား
ပြည့်ဝသည့်ပုံမပေါ်မှန်း ကျိန်းသေသိနိုင်သည်။
အပေါ်ကဂျပ်ကင်အနက်ရောက်ကို အောက်ဘက်
ရှိဂျင်းဘောင်းဘီဒူးဖုံးအပြဲဖြင့်ဝတ်ဆင်ထားပြီး
အသားအရည်ကခပ်ညိုညိုဘက်သွားသည်။

ဆေးလိပ်အမြဲသောက်နေသည်မှန်း သိသာစွာ
နှုတ်မခမ်းတွေကအနည်းငယ်ညို၍ပြာချင်နေ
သည်။ပုံစံကသူ့ထက်အလွန်ဆုံးမှ၂နှစ်လောက်
သာငယ်နိုင်ပြီးသူ့ထက်စာရင်တော့ ပိုသွက်လ
က်ပုံပေါက်သည်။

ထိုကောင်လေးသည်လည်း ဦးခန့်ညားထက်
မသာရင်တောင်အတော်ကြည့်ကောင်းသည်
ဟုဆိုနိုင်သည်။

"ကျွန်တော်.. အသစ်ရောက်လာတဲ့ ဦးခန့်ညားရဲ့
အတွင်းရေးမှုးပါ.. ဒီနေ့အတွက်ကားမောင်းသင်
ပေးဖို့ဦးခန့်ညားက အိမ်ခေါ်ထားလို့ဗျ.. "

"သြော်.. မင်းက လေးလေးရဲ့အတွင်းရေးမှူးအသစ်
ဆိုတာလား.. ကြားဖူးပေမဲ့ အခုမှမြင်ဖူးတော့တယ်
တကယ်တော့ မင်းက... "

တစ်စုံတစ်ခုကိုစဉ်းစားနေဟန်နှင့် သူ့အားအပေါ်အောက်မျက်တောင်မခတ်ပဲကြည့်နေသည်။ သို့
သော် ဆက်ပြောမည့်စကားတို့ကိုအိမ်ကြီး၏
အပေါ်ထပ်မှဆင်းလာသော ခပ်သြသြရှရှ အ
သံက ရပ်တန့်သွားစေသည်။

"နောင်ဦး.. ပြန်ရောက်ရင် အေးဆေးနေလေ..
ပြဿနာရှာဖို့မစဉ်းစားနဲ့.. "

ကောင်းသစ်လှည့်ကြည့်လိုက်တော့ အောက်ဘက်
ရှိဂျင်းအပွအဖြူရောင်ကို ထုံးစံတိုင်းအပေါ်ကV shapeပုံစံကိုရင်ဘတ်လဲအနည်းငယ်မြင်သာစေသောအဝါဖျော့ရောင်လက်ရှည်ဆွဲသားဖြင့်တွဲ
ဝတ်ထားသည်။

သူတို့ရှိရာသို့ တည့်တည့်လျှောက်လာရာ ဘောင်း
ဘီအိတ်ကပ်ထဲ လက်တွေကိုထိုးထည့်ထားသေး
သည်။

"ပြဿနာမရှာပါဘူး.. လေးလေးကလဲ.. ဒါမျိုးက
လေးလေးအကြိုက်လဲမဟုတ်တာကို.. ဘာလို့ခေါ်
ထားတာလဲ...ပုံစံကပျော့တိပျော့ဖက်နုံအအနဲ့.. "

အချစ်နဲ့ထာဝရWhere stories live. Discover now