ခန့်ညားကားထဲအတန်ငယ်ထိုင်နေပြီးမှ လက်က
ဖုန်းနံပါတ်တစ်ခုအား ဆက်တိုက်ခေါ်ဆိုနေမိသည်။ လုံးဝဖုန်းကိုင်မလာတာကြောင့် ဒေါသထွက်မိရင်း
ကားစတီယာရင်ကိုလက်နဲ့ပြင်းထန်စွာရိုက်
ချမိလိုက်တယ်။နောင်ဦးဆိုတဲ့ကောင်လေးသည်တကယ်ကိုအလို
လိုက်လို့မဖြစ်မှန်း သူသဘောပေါက်သွားပြီဖြစ်
သည်။ အရင်ဘာကိုပဲပြဿနာရှာရှာ သူသည်းခံ
ခွင့်လွှတ်နိုင်ပေမဲ့ အခုလိုအထက်စီးဆန်တာမျိုးကို
သူလုံးဝသဘောမတွေ့။ ဒီကောင်လေးရဲ့
အပြောအဆိုနဲ့နေပုံထိုင်ပုံသည် ဆုံးပါးသွားတဲ့သူ့
အဖေနဲ့တကယ်ကို တစ်ပုံစံတည်းတချိုးတည်းပင်ဖြစ်သည်။သူကားကိုစက်နှိူးရင်း အရှိန်ကိုမြင့်လိုက်ကာ
ကုမ္ပဏီသို့ထွက်လာလိုက်၏။ အတွင်းရေးမှုး
အသစ်ခန့်ဖို့ကိုသူလုံးဝစဥ်းစားမည်မဟုတ်။
ကောင်းသစ်ကိုသာ သူမရရတဲ့နည်း
နဲ့ပြန်ခေါ်လာမည်ဖြစ်သည်။ကုမ္ပဏီရုံးခန်းထဲသို့ သူဝင်လာတော့ အိမွန်နဲ့ဝါဝါ
စိုးကဘာတွေအရွှန်းဖောက်နေလဲမသိပေမဲ့ သူ့ကိုမြင်သည်နှင့်ချက်ချင်းမတ်တပ်ထရပ်ပြီး
အနားသို့လျှောက်လာကြသည်။"သူဌေး ပြန်လာပြီပေါ့... အလုပ်ကိစ္စတွေအဆင်
ပြေခဲ့တဲ့အတွက် အိတို့ကိုဒီညတစ်ဝိုင်းလိုက်ရှင်း
ပေးမယ်မလားဟင်.. ဟီးဟီး.. ""ဟဲ့..ဘယ်လိုဖြစ် "
ဝါဝါစိုးကအလိုက်သိစွာတွန်းလိုက်ရင်း သူဌေး
မျက်နှာကိုအကဲခတ်နေသည်။ ကြည့်ရတာ
ကောင်းသစ်အလုပ်မလာတာသိသွားပြီထင်သည်။ ပြဿနာကိုရော သေချာသိလာခဲ့ပုံပေါ်တာကြောင့်
နှစ်ယောက်လုံးတောင့်တောင့်ကြီးသာ
ရပ်နေမိတော့သည်။ခန့်ညားအနေနဲ့ ဝန်ထမ်းတွေနှင့်မိသားစုလိုသဘောထားဆက်ဆံသည်ကြောင့် ပွင့်လင်းမှူ
ရှိကြတာတော့အမှန်ဖြစ်သည်။ ဒီကိစ္စကို သူ့ဆီ
ချက်ချင်းဖုန်းလှမ်းမဆက်တာကြောင့် အနည်း
ငယ်တော့ တင်းမိသည်။"နှစ်ယောက်လုံး ခဏနေရင် အခန်းထဲကိုလာခဲ့
ပါဦး"သူပြောပြီးတာနဲ့ထိုနေရာကနေလှည့်ထွက်
လာသည်။