11 (Unicode) ⛔

3.6K 96 10
                                    


မျက်လုံးနှစ်လုံးပွင့်သည်နှင့်မြင်လိုက်ရတာက ပြတင်းပေါက်တွေကိုကာဆီးထားပေးသော
ခရမ်းရောင်လိုက်ကာစရဲ့အနားစွန်းလေးကိုဖြစ်
သည်။ ထို့ကြောင့် တကယ်တမ်းကြအပြင်ဘက်
တွင်အချိန်ဘယ်လောက်ရှိနေပြီလဲသေချာမသိ။

ဇမ်နိုးလာတဲ့အချိန်တွင်တော့ပထမဆုံးခံစားရသ
ည်ကအောက်ပိုင်းတစ်ခုလုံးနာကျင်နေတာက်ိုသာ ဖြစ်သည်။

သူတစ်ချက်ညည်းတွားလိုက်ရင်း အိပ်ယာဘေး
ကလွတ်နေတဲ့နေရာကြောင့် အနည်းငယ်အံ့သြ
သွားသည်။ အတွေ့အကြုံမရှိသူမဟုတ်တာကြော
င့် ဒီအခြေအနေလောက်ဆိုရင် ညကသူတစ်ခုခု
ဖြစ်ပြီးမှန်းသဘောပေါက်သည်။ ဒါပြီးတော့
အခုချိန်ထိ ဇမ်ပတ်သတ်ဆက်နွယ်ဖူးသူသည်
ခန့်ညားသစ်လွင်ဆိုသောသူချစ်ရတဲ့ကိုကိုကလွဲ
ပြီး ဘယ်သူမှမဖြစ်နိုင်ပေ။

သူညကlimitကျော်သွားတာမို့ဆိုင်ဝန်ထမ်း
လေးကများကိုကို့ဆီဖုန်းခေါ်ပေးလိုက်လေသ
လား။ သူကိုယ်တိုင်ပဲခေါ်မိသလားမသိပေမဲ့
နာကျင်မှုကိုတောင်မခံစားရတော့ပဲအခုလို
မျိုးဖြစ်ရခြင်းရဲ့ရလဒ်အပေါ်သူအပြည့်အဝ
ကျေနပ်မိနေသည်။ ဒါဆို ကိုကိုကသူ့ကိုပြန်
လက်ခံပေးမယ်ဆိုတဲ့သဘောများလား။

ခက်တာကအရင်ဆိုဟိုတယ်နေရာမှာပဲနေဖြစ်
တာများပေမဲ့ ယခုအခန်းရဲ့အခြေအနေသည်
တိုက်ခန်းတစ်ခန်းဖြစ်နေခြင်းပင်။ ကိုကိုက
သူ့ကိုတိုက်ခန်းဆီခေါ်လာ
တာများလား.. ?

သူအိပ်ယာကထပြီးကုတင်ပေါ်ကတော့မဆင်း
မိသေး။အမြဲတပ်နေကြနားကပ်တစ်ဖက်ပြုတ်
နေတာကြောင့်သူအိပ်ယာထဲရှာနေတုန်းမှာပဲ
အိပ်ခန်းနဲ့ကပ်လျက်ရေချိူးခန်းဘက်ဆီက အ
သံတစ်ခုထွက်ပေါ်လာသည်။

"နိုးပြီလား. က်ိုတောက်တဲ့.. "

"ဟမ်.. !"

သူအနောက်လှည့်ကြည့်မိတော့ bathtube
တစ်ထည်သာဝတ်ထားရင်း အပေါ်ပိုင်းကလှစ်
ဟထားသည်။မေးလာတဲ့လေသံနှင့်ပုံစံက သူ့
အားရိသလိုလိုသဲ့သလိုလိုပင်။

မယုံနိုင်စရာကောင်းသည်က ထ်ိုကောင်လေးတွင်
အမြဲတမ်း ဒေါင့်မကျိူးတဲ့မျက်နှာရှိပြီးလူတွေကို
မလေးစားတက်တဲ့အရိုင်းအစိုင်းဖြစ်နေခြင်းပင်။

အချစ်နဲ့ထာဝရWhere stories live. Discover now