နိုးထလာတဲ့ယနေ့မနက်ခင်းကခန့်ညားအတွက်
သက်သောင့်သက်သာမရှိသလိုခံစားနေရသည်။
ပုံမှန်နိုးနေကြအချိန်ဖြစ်ပေမဲ့ သူထဖို့ကိုခန္ဓာကိုယ်
ကမလှုပ်ချင်။ဒီအခြေအနေတိုင်းဆိုနေမကောင်း
ဖြစ်ပြီး မသက်မသာဖြစ်နေတာက်ိုခံစားမိပြီဖြစ်
သည်။ အထူးသဖြင့်သူ့ရဲ့လက်ကောက်ဝတ် အနည်းငယ်မြှောက်ရမှာကိုပင်ဆစ်ခနဲ။လက်ကိုရင်ဘတ်အောက်သို့ထားကာမှောက်အိပ်
တက်တဲ့အကျင့် ဒါ့အပြင်လက်ကဒဏ်ရာကယခုမှသက်သာဖို့အရှိန်ပြယ်စရှိသေးသည်ဖြစ်သော
ကြောင့်ပင်။နောက်ထပ်နာရီဝက်လောက်အိပ်ပြီးတဲ့နောက်
ပြန်နိုးလာချိန်မှာတော့ သူဒီတစ်ရက်အလုပ်မ
သွားဖြစ်ဖို့က ပိုပြီးကျိန်းသေ
သလောက်ရှိပြီဖြစ်နေသည်။အခန်းထဲကမျက်နှာသစ် သန့်စင်ပြီးအောက်ထပ်
ရှိထမင်းစားခန်းထဲဝင်တော့ ထုံးစံအတိုင်း
တပည့်ဖြစ်သူကကော်ဖီနဲ့ကိတ်မုန့်ပင်ပြင်ဆင်ထားသည်။ ယခုလို သူဌေးစာစားသည်
ဟူသောစကားက ကြားရတာသာအထင်ကြီးဖွယ်
ဖြစ်ပေမဲ့တကယ်တမ်း သူ့အတွက်တော့အာသီ
သမဖြစ်ပေ။"တစ်နေ့လာလဲ ကော်ဖီနဲ့ကိတ်.. နောက်တစ်နေ့
လာလဲကော်ဖီနဲ့ကိတ် ဝေဖြိုး.. မင်းမနက်စာကိုပြောင်းလဲဖို့အစီအစဥ်ရှိသေးလား.. ""ထုံးစံအတိုင်း အလွယ်ဖြစ်သွားတာပါဆရာရယ်
ကျွန်တော်မနေ့ညက Penthouse ကြည့်ရင်းမိုးလင်းသွားလို့ ဒီမနက်မထနိုင်ဖြစ်သွားတာ
နေ့လည်စာအတွက်တောင်မဝယ်ရသေးဘူးဗျာ... ဝါးးးးးးး"ပြောရင်းသူ့ရှေ့လာသန်းဝေပြနေသည်က
အလုပ်ကြီးအကိုင်ကြီးလုပ်ထားသူနှယ် အရှေ့က ကော်ဖီခွက်နဲ့ကောက်ပေါက်
ချင်စိတ်ကိုသူထိန်းလိုက်ရသည်။"အဲတော့ ငါကမင်းအတွက်ပါနေ့လည်စာ
သွားဝယ်ပေးသင့်သလား?""ဟဲဟဲ..မဟုတ်ရပါဘူးဗျာ..ဆရာကလဲ.. "
ခန့်ညား ဆက်မပြောချင်တော့တာကြောင့်
စားပွဲပေါ်က ကော်ဖိီခွက်ကိုစိတ်မပါသလို
ကြည့်နေမိ၏။"ကျွန်တော် အခုမှသတိထားမိတယ်.. ဆရာအခုထိ
ညအိပ်ဝတ်ကြီးနဲ့ပဲ ဒီပုံစံနဲ့ကုမ္ပဏီကိုသွားမလို့တော့.မဟုတ်ပါဘုးနော်.. "