ဇမ့်နှလုံးသားလေးက နာကျင်ရလွန်းလို့ အပိုင်းပိုင်းအစိတ်စိတ်ကွဲကြေခဲ့ပြီးသားဆိုရင်တောင်ဒီလူ့အပေါ်ရှိတဲ့ သူ့ရဲ့ခံစားချက်တွေက နည်းနည်းမှလျော့မသွားတုန်းပဲ။ဘယ်လိုအကြောင်းတရားမျိူးကမှသည်လူကိုမေ့ပျောက်သွားအောင်လုပ်နိုင်စွမ်း မရှိတော့ဘူးတောင်ထင်ရသည်။
သူကိုကို့အပေါ်ချစ်တဲ့စိတ်ကစွဲလမ်းမှုလား ဝဋ်ကြွေးလားဆိုတဲ့ ဘောင်ခတ်ထားတဲ့စကားတွေထက် နှလုံးသားရဲ့စေရာအတိုင်းသာဖြစ်ခဲ့ပါသည်။ နာကျင်ရတယ်ဆိုရင်တောင် တစ်နည်းနည်းဖြင့်ဖက်တွယ်ရင်းအနားမှာပဲရှိနေချင်ပေမဲ့အခုတော့ လူရောစိတ်ရော ခြေကုန်လက်ပန်းကျသွားခဲ့ပုံပင်။
ထိုဟောခန်းကြီးထဲသူလုံးဝဆက်မနေချင်တော့တာကြောင့်လက်ထဲကlaptopကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းToilet ထဲဝင်လိုက်သည်။ အထဲရောက်သည်နှင့်မြိုသိပ်ထားသမျှကိုမချူပ်တည်းနိုင်စွာသူလက်ထိုးအန်လိုက်မိ၏။
ရင်ဘတ်တစ်ခုလုံး တင်းကျပ်စွာပျို့တက်လာရင်း ဗိုက်ထဲကနာကျင်မှူကြောင့်အူတွေပါအပြင်ထွက်ကျလာတော့မလိုခံစားနေရသည်။ စီးကျနေတဲ့မျက်ရည်တွေကို ဖြူဥဥလက်ဖဝါးလေးနှစ်ဖက်ဖြင့်သုတ်ဖယ်လိုက်ရင်း လက်မောင်းနှစ်ဖက်ကြား ခေါင်းကိုညှပ်ထားလိုက်သည်။ ပခုံးလေးနှစ်ဖက်ကတဖြေးဖြေးလှုပ်ခါရင်း ဘယ်သူမဆိုကြည့်လိုက်တာနဲ့သူငိုနေတာကိုသိသာစေသည်။ ကံကောင်းစွာနဲ့အိမ်သာတံခါးကိုဂျက်ချထားတာဖြစ်ပြီး Toilet ထဲသို့ မည်သူကမျှဝင်လာခြင်းမရှိခဲ့။
သူစိတ်ကျေနပ်လောက်အောင်ငိုပြီးမှအထဲကထွက်လာရင်း ဘေစင်မှာ လက်ကိုဆေးချလိုက်သည်။ မျက်နှာနဲ့လည်ပင်းတွေကိုပါ အနည်းငယ်ပက်ဖြန်းလိုက်ရင်း ဘေးနားကစင်ပေါရှိ သူ့laptopကိုကောက်ယူခါနီးမှ မှန်ထဲကိုကြည့်လိုက်တော့ဘယ်အချိန်ထဲက မတ်တပ်ရပ်ကြည့်နေမှန်းမသိတဲ့ထိုကောင်လေး။
"ခင်ဗျားပဲမလား... !? ".
ပြဿနာမဖြစ်ချင်တာကြောင့် ဒီကောင်လေးကိုမရှိတဲ့လူတစ်ယောက်လိုသဘောထားရင်း သူအခန်းထဲကထွက်လာဖို့ပြင်လိုက်တော့ လက်တစ်ဖက်ကို တင်းကြပ်စွာဆုပ်ကိုင်ရင်း နံရံပေါ်ဖိတွန်းကပ်လိုက်သည်။