လူတစ်ယောက်ကိုတကယ်ချစ်တက်သွားရင် နူးညံ့ပြီးကျိုးနွံလာတက်ကြတာမျိုး၊ တစ်ဖက်လူရဲ့စိတ်ခံစားချက်ကိုအလေးအနက်ထားပေးတက်ကြတာမျိုးတွေကို တွေ့ဖူးကြမှာပါ။
သူကိုယ်တိုင်ကတော့ဟိုးအစတည်းကခန့်ညား
သစ်လွင်ဆိုသောလူကြီးရဲ့နူးညံ့တဲ့ဘက်အခြမ်းကိုပဲ
အမြဲမြင်ခဲ့ရသည်။ လက်တွေ့မှာလူနှစ်ယောက်ပေါင်းစပ်
နိုင်ဖို့အကောင်းနဲ့အဆိုးကအမြဲဒွန်တွဲနေတက်တာကိုသူ
နားလည်၏။ ဒါကြောင့်ဦးခန့်ညားရဲ့ဘယ်လိုပုံစံမျိုး
ကိုမဆို သူမြင်တွေ့ချင်စိတ်တို့ဖြစ်လာသည်။ သူကောင်း
ကောင်းသိပြီးနားလည်လာသည်ကတော့ တည်ငြိမ်လာ
သည့်ဦးခန့်ညား.. သူကလွဲရင်မည်သူ့ကိုမှဂရုမစိုက်တက်
တဲ့ပုံစံနဲ့ ယခင်တွေ့စတုန်းကထက် အရှုပ်အရှင်းကင်းသွား
ပြီဖြစ်တဲ့ဦးခန့်ညားကိုသာဖြစ်၏။တကယ်ဆို ဦးခန့်ညား
ကိုမယုံကြည်ခဲ့တာမျိုးမဟုတ်ပဲ သူကိုယ်တိုင်လိုအပ်ချက်ရှိနေသူဟုအားမလိုအားမရဖြစ်နေခဲ့တာသာဖြစ်နိုင်သည်။
ဆုပ်ကိုင်ထားသည့်လက်ကိုအားထည့်ပြီးဖျစ်ညှစ်လိုက်
တော့ ကားမောင်းနေသည်ကနေ သူ့ဘက်လှည့်ကြည့်
ပြီး စူးစမ်းသလိုကြည့်လာသည်။အချိန်ကညနေခင်း၎နာရီအကျော်လောက်ရှိပြီဖြစ်ပေမဲ့ ရုံးပိတ်ရက်အတွင်းမှာတောင်အလွန်ကိုခြောက်ကပ်လွန်း
သည့်နေပြည်တော်ရဲ့ လမ်းမကြီးထက်မှာ ကားတွေကတစ်စီးတစ်စီးပြီးဖြတ်သွားနေတာကိုတွေ့ရသည်။ဖယ်ရီကားလဲဖြစ်ဟန်မတူပဲအလည်အပတ်ပုံစံနဲ့ကား
နောက်ခန်းမှာကလေး၊လူကြီးတွေစုပြုံပြီး ပျော်ပွဲစားထွက်
နေကြသလိုပင်။ သူတို့တစ်နေရာအရောက် မီးပွိုင့်မိ
နေတုန်း ကားတွေအလျှိုလျှိုဝင်သွားရာနေရာသို့နှစ်
ယောက်လုံးသတိထားကြည့်မိလိုက်ကြ၏။"ပြဇာတ်ရှိနေတာများလား.. ဒီလိုလကြီးကိုလေ..."
"လူတွေတော့အများကြီးပဲဗျ.. ဦးခန့်ညား ကားကို
နည်းနည်းဘေးကပ်မောင်းလိုက်ပါလား.. ""Okay. . "
မီးပွိုင့်အကျော်နားရောက်တော့ ကားပြတင်းကိုဖွင့်ကာ
ခန့်ညား လှမ်းကြည့်လိုက်မိသည်။ ဝင်ပေါက်တစ်ခုလုံးကို
ပန်းတွေနဲ့ပဲအလှဆင်ထားသည်က အပြင်ဘက်ရှိလူတွေကို
အထဲလာဖို့ အလွန်ကိုမှဆွဲဆောင်နေနိုင်တာမျိုးဖြစ်သည်။