19 (Unicode)

1.3K 78 6
                                    


နေ့တစ်နေ့ရဲ့နေ့လည်ခင်းမှာလဲ ခန့်ညားအိမ်မှာရှိ
နေတုန်း ကောင်းသစ်အသီးအရွက်တချို့ထည့်
ထားတဲ့အိတ်တစ်အိတ်ကိုဆွဲကိုင်ရင်း အိမ်သို့ရောက်လာသည်။

ရုတ်တရတ်ရောက်ချလာတဲ့ကောင်လေးကြောင့်
ပြုံးဖြီးပြီးဝမ်းသာနေမိတဲ့သူ့မျက်နှာကိုပင်
အရှိန်မထိန်းထားနိုင်တော့ပေ။ နေမကောင်းဖြစ်
နေတာတာနှစ်ရက်ကြာသွားပေမဲ့လဲ ယခုတော့
လူကအတော်ကိုမှသက်သာသွားတဲ့အခြေအနေ
ဟုဆိုရမည်။

လက်ထဲကယူလာတာတွေကိုခန့်ညားမြင်တော့
မရိုးမသား
စနောက်ရင်းမေးလိုက်သည်က..

"အခုတည်းက ကိုယ့်အိမ်ရှင်မဖြစ်ဖို့ကြိုးစားနေပြီလား.. "

" မဟုတ်ပါဘူးနော်..ကျွန်တော်... "

"သိပါတယ်ကွာ... ကိုယ်ကဒီတိုင်းစတာပါ.. "

ကောင်လေးရှက်ပြီးအနေရမခက်အောင် သူရယ်
မောကာပြောလိုက်၏။

ကောင်းသစ်လဲဒီနေ့အလုပ်ပိတ်ရက်လဲဖြစ်တဲ့
အပြင် ဦးခန့်ညားကနေကောင်းခါစရှိသေးသည်
ကြောင့် သူချွေးထွက်ပြီးနေသာထိုင်သာရှိသွား
စေမည့်အစားအသောက်ကိုပြင်ဆင်ပေးချင်တာဖြစ်သည်။ အမြဲတမ်းတပည့်ကျော် ကိုဝေဖြိုး
ချက်ပေးသည့်ဘယ်ဟာမဆိုမငြင်းပဲစားတယ်
ဆိုသည်ကြောင့်တခါတလေအသားဟင်းမပါပေမဲ့ ထမင်းမြိန်စေမည့်အရာမျိုးသူဖန်တီးပေးချင်တာဖြစ်သည်။ ယခုဒီကိုမလာခင်တောင်သူအတော်
အတန်စဥ်းစားထားရတာဖြစ်ပေမဲ့ ဦးခန့်ညားရဲ့
ယခုလိုစကားကိုကြားလိုက်ရတော့ သူအနည်း
ငယ်ရှက်မိရင်း ကသိကအောက်ဖြစ်သွားရသည်။

သူတကယ်ပဲဦးခန့်ညားရဲ့ဘဝထဲကိုအတင်းဇွတ်
တိုးဖို့ကြိုးစားနေသလိုများဖြစ်နေသလားဟုတွေးမိသည်။

ခန့်ညားသူ့အရှေ့မှာမတ်တပ်ရပ်ပြီးတစ်ခုခုကို
ပြောပြဖို့ကြိုးစားနေတဲ့ကောင်လေးကိုသူ့လက်
တွေဖြင့်ပွေ့ဖက်လိုက်သည်။

"တခြားလျှောက်မတွေးနဲ့...
ရုတ်တရတ်ကြီးရောက်ချလာတော့ ကိုယ်ဖြင့်
ကြောင်သွားတာပဲ ဒီနေ့ပိတ်ရက်လေ.. လက်ထဲ
ကရောဘာတွေလဲ"

အချစ်နဲ့ထာဝရWhere stories live. Discover now