(Zawgyi)
ရှေးပုံစံ အငွေ့အသက်တို့ကို ရရှိစေတဲ့ အုတ်နံရံထူထူနဲ့ မြေအောက်ခန်း ။ စားပွဲတစ်လုံးနဲ့ ထိုင်ခုံနှစ်ခု အပြင် အခန်းထောင့်တွင် လေးထောင့်ပုံစံရေကန်ငယ်တစ်ခုက ရိုးရှင်းစွာ တည်ရှိနေသည် ။
"Min Yoongi ...ဒီဟာတွေကို တစ်ချက်ကြည့်ပါအုံး "
မယ်တော်ကြီးရဲ့ အသံကြောင့် ဘေးပတ်လည်ကို မှတ်ချက်ချနေရာကနေ ခုံပေါ်က စာအိတ်ကို လှမ်းယူကာ ကြည့်လိုက်သည် ။ စာအိတ်ထဲက ထွက်လာတာက Taehyung နဲ့ သူရဲ့ ဓါတ်ပုံတွေ ။ ကျောင်းတက်တုန်းက ပုံတွေမို့ သူတောင် မေ့ချင်ချင်ဖြစ်နေပြီ ။ အပျော်စီးသင်္ဘောပေါ်မှာ ရိုက်ထားတဲ့ ပုံတွေအရ သူတို့ကျောင်းပြီးကာစ ဟာဝိုင်အီ ကို သွားတုန်းက ဖြစ်မယ်ထင်တယ် ။ အဲ့မှာစ,ပြီး လောင်းကစားနဲ့ စီးပွားရေးလုပ်တတ်လာတာဖြစ်သည် ။
"Min Yoongi ...မင်းနဲ့ Kim Taehyung နဲ့ ရည်းစားတွေ ဆိုတာကို ဝန်ခံလား"
မယ်တော်ကြီးက မေးလာတဲ့ မေးခွန်းကြောင့် သူခဏကြောင်သွားပြီးမှ ရယ်ချင်လာလို့ ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည် ။ ဒီထိခေါ်လာလို့ ကိစ္စကြီးကြီးမားမားထင်နေတာ အခုတော့ ပျင်းစရာအကွက်တွေနဲ့ ။ Taehyung နဲ့ သူနဲ့ ဆက်ဆံရေးက ဘယ်လိုလဲဆိုတဲ့မေးခွန်းကို အကြိမ်ပေါင်းများစွာ ကြားရဖူးပေမယ့် ဒီတစ်ခါလောက်တော့ မရယ်ရ ။
"Kim Taehyung အရင်ကတည်းက တွဲနေခဲ့သားနဲ့ နန်းတွင်းအာဏာကိုမက်လို့ မင်းကြီးကို အကွက်ချပြီး လက်ထပ်ခဲ့တာဆိုတာကို ဝန်ခံလား "
မယ်တော်ကြီးကိုယ်တိုင်ရေးနေတဲ့ ပြဇာတ်ထဲမှာ မက,နိုင်တော့တဲ့ အဆုံး သူလျော့တိလျော့ရဲထိုင်နေရာမှ ခါးကိုမတ်ထိုင်လိုက်ကာ မယ်တော်ကြီးနဲ့ မျက်လုံးချင်းဆိုင်လိုက်သည် ။ ပြီးတော့ ခုံပေါ်က ပုံတွေကို လက်ညှိးနဲ့ထောက်ကာ
"ဒီပုံတွေနဲ့ ကျွန်တော့်ကို စွပ်စွဲလို့ ရမယ်ထင်တယ်ပေါ့ "
သူပြောလိုက်တော့ မယ်တော်ကြီးက ပြုံးကာခေါင်းခါပြသည် ။
"မထင်ပါဘူး...ဒါပေမယ့် ပြည်သူတွေကတော့ မဟုတ်တဲ့ကောလဟလတွေဆိုတာနဲ့ ဇွတ်မှိတ်ယုံပြီး သေးသေးလေးကို အကြီးကြီးလုပ်တတ်ကြတာလေ ..တကယ်လို့ ပြဿနာဖြစ်လာခဲ့ရင် မင်းကြီးက မင်းကို သူ့ဘေးနား ဆက်ထားအုံးမယ်လို့ မင်းထင်နေတာလား "
