III

1K 128 5
                                        

(Zawgyi)

"မင်းကြီး! ! "

အေးချမ်းခြင်းကို ဖော်ဆောင်သော အဘွားတော်ရဲ့ အဆောင် ။ ၎င်းကနေ ထွက်ပေါ်လာသော မယ်တော်ရဲ့အသံဟာ ဒေါသတို့နှင့် လိုတာထက်ပိုပြီး ကျယ်လောင်လွန်းနေသလို ။

အဘွားတော်က သူ့ရှေ့က စားပွဲခုံကို လက်နဲ့ခပ်ဆတ်ဆတ်ပုတ်လိုက်တော့ မယ်တော်က သူ့ပြောမယ့်စကားတွေကို ရပ်တန့်လိုက်လေသည် ။ မယ်တော်က ဘယ်လောက်ပဲ ချုပ်ကိုင်နိုင်တယ်ပြောပြော နန်းတွင်းမှာက အဘွားတော်ရဲ့ အာဏာဟာ တည်နေတုန်းပင် ။

"ပြန်လည် သုံးသပ်ပါအုံး သားတော်"

အဘွားတော်က ဆိုလာတာကြောင်း

"ကျွန်တော် အများကြီး စဉ်းစားခဲ့ပြီးပါပြီ "

ကျွန်တော့်စကားဆုံးတော့ အဘွားတော်က ဘေးနားက အကောင်ငယ်ဘက်ကို ကြည့်ကာ

"ဒီက ကလေးက ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါအုံး "

ဘေးနားမှာထိုင်နေတဲ့ သူက အဘွားတော်ကို ဂါရဝအရင်ပြုကာ

"ကျွန်တော်နာမည်က Min Yoongi ပါ အဘွားတော် "

အဘွားတော်က တစ်ချက်စဉ်းစားပြီးမှ

"Min ~Min မျိုးရိုးဆိုတော့ ဝန်ကြီးချုပ်Min ရဲ့ မြေး"

"ဟုတ်ကဲ့ ~Minဝန်ကြီးချုပ်က ကျွန်တော့်အဘိုးပါ "

သူရဲ့စကားအဆုံးမှာ မယ်တော့်ရဲ့ မျက်နှာ ပျက်ယွင်းသွားတာကို မြင်လိုက်ရပါသေးသည်။ ဟုတ်တာပေါ့ ~Min ဝန်ကြီးချုပ်ဆိုတာ သူမ မချုပ်ကိုင်နိုင်သေးတဲ့ လူအနည်းစုထဲက တယောက်ကို ။

"လူလေးက မြေးတော်ကို တကယ်ချစ်ရဲ့လား "

အဘွားတော်ရဲ့ မေးသံဟာ တည်ကြည်စွာနှင့်

"ကျွန်တော်က မင်းကြီးကို မြင်မြင်ချင်းချစ်ခဲ့တာပါ "

အဘွားတော်ရဲ့ စကားကို မဆိုင်မတွဖြေလာတဲ့ သူ့ကိုကြည့်ကာ ကျိတ်ရယ်လိုက်သည် ။ တကယ်လို့သာ အခုချိန်မှာ မယ်တော်တို့မရှိခဲ့ရင် ကိုယ်အော်ရယ်မိမှာ အသေအချာပင် ။

"ဒါပေမယ့် ယောင်္ကျားလေးချင်း လက်ထပ်တာက ငါတို့တိုင်ပြည်မှာ ခွင့်မပြုသလို ဘယ်သူမှလည်း မထောက်ခံဘူး မင်းကြီးသာ မင်းကိုလက်ထပ်လိုက်ရင် တော်ဝင်မိသားစုရဲ့ အာဏာက ပြိုလဲသွားလိမ့်မယ် တကယ်လို့ မင်းကြီးနားမှာနေချင်ရင် အချစ်တော့်အဖြစ် နေလို့ရတယ် "

Royal Blood (Completed)Where stories live. Discover now