(Unicode)
Namjoon အရှေ့မှာထိုင်နေတဲ့ ဓါတ်ပုံတစ်ခုကိုကိုင်ကြည့်လိုက် ပြန်ချလိုက် ပြန်ကိုင်ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ သူ့ သူငယ်ချင်းကြောင့် ရယ်လိုက်မိသည် ။
"အဲ့လောက်တောင် ပျော်နေတာလား "
"ဒီခံစားချက်ကို မင်းကဘယ်သိမလဲ... မင်းပြောကြည့် ငါ့သားလေးက ငါနဲ့တူတာများမလား Yoongi နဲ့တူတာ များမလား... ဘယ်လိုကြည့်ကြည့် ငါနဲ့သေချာပေါက်တူတာများမှာ "
"သိနိုင်ပါ့မလား "
သူ့စကားကြောင့် Kim Jin ရဲ့ ရယ်၏ ။
"ဒါပေမယ့် ငါက အဖေလေ ငါခံစားမိတာပေါ့ "
သူ့ရှေ့က သူငယ်ချင်းကို လက်မြှောက်အရှုံးပေးလိုက်သည်။ ဒါပေမယ့် ဒီလိုပျော်နေတဲ့ပုံကို အရင်မယ်တော်ကြီးဆုံးပါးသွားကတည်းက မမြင်ရတော့တာကြောင့် အခုလိုပြန်တွေ့ရတော့ စိတ်ထဲမှာ ဝမ်းသာမိတယ်။
"အစောကတည်းက ရိုက်ပေးချင်တာ... ပစ္စည်းသယ်ရတာဘာညာနဲ့မို့ စောင့်နေရင်း အခုက ဘယ်လောက်လိုသေးလဲ... ဆရာဝန်က ကြည့်ရအောင်ဆိုလို့ သူတို့စစ်ကြည့်ကြရင်း မင်းကြီးအတွက် ဓါတ်ပုံတောင်းလာပေးတာ "
"Yoongi ရော နေကောင်းတယ်မလား ...ငါသွားချင်ပေမယ့် ဒီရက်ပိုင်း သံတမန်တွေလာနေတော့ လှုပ်လို့မရဘူးဖြစ်နေတာ ..ဗိုက်ကလေး ဘယ်လောက်ထွက်နေပြီလဲဆိုတာ ငါသိချင်သား... နောက်ဆုံးတစ်ခေါက်ကလို ခါးကိုအပြည့်ဖက်လို့မရလောက်တော့ဘူးထင်တယ် "
Kim Jin က ပြောလာ၏ ။ သူလက်ထဲက လက်ဖက်ရည်ခွက်ကိုချကာ
"သွားတွေ့ချင်ရင် သွားလိုက်ပါ... ဒီက သံတမန်ကိစ္စတချို့က ကျွန်တော်နဲ့ ထားလည်း ရတာပဲ .. သွားတွေ့လိုက်ပါ ကြင်ယာတော်လည်း ပျော်သွားမှာပါ "
သူ့စကားကြောင့် Kim Jin က သက်ပြင်းချပြီး ခေါင်းခါပြလာသည် ။
"ငါ့စိတ်အနေအထားတိုင်းသာဆို အခုချက်ချင်း ပြေးသွားပြီး ကောက်ပွေ့ထားချင်ပေမယ့် အကြောတင်းလေးက မလာရဘူးတဲ့လေ... ငါခဏခဏ သွားနေရင် လူတွေသိသွားမှာဆိုလို့ မလာရဘူးတဲ့ "
