(Zawgyi)
~ဒုန်း~~
Jin သူ့ဒေါသတွေကို အရှေ့ကထိုင်ခုံဆီကို ပုံချလိုက်သည် ။ ပြီးတော့ စားပွဲကို လက်နှင့်ထောက်ကာ ခါးကိုကုန်းလိုက်ပြီး
"ငါ က "
သူ့ကိုသူ လက်ညိုးနှင့်ထိုးပြပြီး
"မင်း ကို "
အရှေ့မှာ ခြေထောက်ကိုချိတ်ကာ ခပ်အေးအေးထိုင်နေသော Yoongi ကိုတလှည့် လက်ညိုးနဲ့ထိုးပြကာ
"လက်ထပ်ရမှာတဲ့လား "
စိတ်ရှုပ်ထွေးစွာ မေးလိုက်ပေမယ့် အရှေ့မှာ ထိုင်နေတဲ့ထိုအကောင်ကတော့ ခေါင်းကို ခပ်အေးအေး ငြိမ့်ပြသည် ။
"တခြားဘာလိုချင်လဲ ~လုပ်ပိုင်ခွင့် ~အာဏာ ~အလုပ်ကွက် ~ကြိုက်တာပြော လက်ထပ်တာလွဲရင် ငါအကုန်လုပ်ပေးမယ် "
စကားအဆုံးမှာ သူကခပ်ဖွဖွရယ်ကာ
"မင်းကြီးပြောတာတွေအားလုံးက ကျွန်တော်ပါးစပ်ကထွက်တာနဲ့တင်ရတယ် ကျွန်တော်က Min မျိုးရိုးကဆိုတာ မေ့သွားတာလား ~"
စကားကို တလုံးချင်းစီပြောနေတဲ့ ထိုအကောင်ဟာ ဖြတ်ရိုက်ပစ်ချင်စရာ
"ကျွန်တော်လိုချင်တာက မင်းကြီးရဲ့ ကြင်ယာတော်နေရာကိုပဲ "
"မင်းရူးနေတာလား !"
ဒေါသထွက်စွာ အော်မိသည် ။ နိုင်ငံရဲ့ ဘုရင်တစ်ပါးက လိင်တူချင်း လက်ထပ်တယ်ဆိုပါက သူ့ဂုဏ်သိက္ခာနှင့် တော်ဝင်မိသားစုရဲ့ ဂုဏ်တွေအကုန်လုံး မြောင်ထဲရောက်ကုန်မှာ အသေအချာပင် ။
"မင်းကို လက်ထပ်လိုက်ရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာတွေ အကုန်လုံးက မြောင်ထဲရောက်ကုန်မှာကို နားမလည်တာလား "
"နားလည်ပါတယ် "
စားပွဲခုံပေါ်တင်ထားတဲ့ ဖန်ခွက် အထူးအဆန်းသဖွယ် စိတ်ဝင်တစားကြည့်နေရာကနေ ဖြေလာတဲ့ ထိုအကောင် ။ ပြီးမှ မော့ကြည့်လာကာ
"အဲ့တာတွေက မင်းကြီးရဲ့ ကိစ္စတွေလေ ကျွန်တော့်ကိစ္စမှ မဟုတ်တာ "
သူပြောကာ ခုံကနေ ထရပ်လိုက်ပြီး
"ကဲပါ ~သေချာစဉ်းစားပေါ့ အချိန်က သုံးရက်တောင်ရှိသေးတာ ~ဒါပေမယ့် သုံးရက်ပြည့်လို့မှ လိုချင်တဲ့အဖြေမရခဲ့ရင်ဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်တော်တခုခုဖြစ်ခဲ့ရင်ဖြစ်ဖြစ် Video က တစ်နိုင်ငံလုံး ပျံ့သွားမယ်ဆိုတာကိုတော့ သတိရပေးပေါ့ "