XVI

1K 140 12
                                        

(Zawgyi)

Yoongi အိပ်ရာထက်မှာ လှဲနေရတာ နှစ်ရက်တန်လာတော့ သူအနည်းငယ်ပျင်းလာပြီဖြစ်သည် ။ သူ့အနေနဲ့ Kim Jin က ဘယ်လိုလူလဲဆိုတာကို အပေါ်ယံတင်မဟုတ်ပဲ သေချာသိချင်လာတာကြောင့် အိပ်ရာပေါ်ကနေထပြီး အပေါ်ဝတ်ထပ်ဝတ်ကာ နန်းတွင်းထဲ၌ Jungkook ရှာပုံတော်ဖွင့်ရန် တွေးလိုက်သည် ။ Jungkook က ငယ်ငယ်လေးကနေ အခုချိန်ထိ Kim Jin နဲ့ အတူတူနေလာခဲ့တာလို့ Kim Jin ကပြောဖူး၏ ။ အဲ့ဒါကြောင့် Kim Jin အကြောင်းကို Jungkook က သေချာပေါက် ပြောပြနိုင်မှာပဲ ။

နန်းတွင်းထဲက နေရာအနည်းငယ်ကို ရောင်ပြီးချိန်တွင် နန်းတွင်းရဲ့လုံခြုံရေးဌာနကနေ ထွက်လာတဲ့ Jungkook ကို တွေ့လိုက်ရသည် ။

"Jungkook "

သူခေါ်သံကြားလို့ထင်တယ် လိုက်ရှာပြီး သူ့ကိုမြင်တော့ တအံတသြနဲ့ ကြည့်ပြီး အရိုအသေပေးလာသည် ။ ပြီးတော့ ကြည့်လာတဲ့ Jungkook ကြောင့် သူရယ်ပြလိုက်၏ ။

"ထိုင်ပါအုံး ကြင်ယာတော် "

Jungkook ညွှန်ပြတဲ့ ခုံတွင်ထိုင်ကာ Jungkook ကို လှမ်းကြည့်လိုက်သည် ။ ကိုယ်ရံတော်ကောင်လေးကတော့ နန်းတွင်းသူကောင်မလေးအား အမှာတွေအား မြန်မြန်ဆန်ဆန်ပဲ မှာနေသည် ။

"ကြင်ယာတော်က နေသိပ်မကောင်းသေးတာမို့ ဂျင်စင်းလက်ဖက်ရည်လေးပဲ မှာထားပါတယ် "

"ကျေးဇူးပဲ .."

သူပြုံးပြကာ ပြောလိုက်သည် ။ ဖြစ်စဉ်က Jungkook ကို စကားခဏပြောချင်လို့ဟုဆိုလာတာကြောင့် ထိုကလေးက သူ့အား နန်းတွင်းစားသောက်ဆိုင်ကဲ့သို့သော နန်းဆောင်လေးကို ခေါ်ဆောင်လာခြင်းဖြစ်သည် ။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ လူက မရှိသလောက် နည်းပါး၏ ။

"ဒီနေရာက အနည်းဆုံး အဆင့်နှစ်ရှိတဲ့ ကိုယ်ရံတော်တွေနဲ့ နန်းတွင်းအမှူထမ်းတွေပဲ လာလို့ရတဲ့ နန်းတွင်းစားဖိုဆောင်လေ ...ပြီးတော့ ထမင်းစားချိန်လည်းကျြော်သွားပြီမို့ လူနည်းတယ် "

Jungkook က နန်းတွင်းသူလေး လာပေးသော ဂျင်စင်းလက်ဖက်ရည်ပန်ကန်းလေးကို ချပေးကာ ပြောလာသည် ။

"Jungkook အသက် ဘယ်လောက်ရှိပြီလဲ "

"ကျွန်တော် အသက်၂၂နှစ်ပါ ကြင်ယာတော် "

Royal Blood (Completed)Opowieści tętniące życiem. Odkryj je teraz