XII

1.2K 130 19
                                        

(Zawgyi)

Yoongi အဘွားတော်ရဲ့ အဆောင်ရှေ့တွင် မတ်တပ်ရပ်ရင်း ဝတ်စုံက အနည်းငယ်သေသပ်အောင် ပြုလုပ်ပြီးနာက် အထိန်းတော်ကြီးကို ခေါင်းငြိမ့်ပြလိုက်သည် ။

"အဘွားတော်..ကြင်ယာတော် ရောက်ရှိပါပြီ "

"ဝင်လာခဲ့ "

အထိန်းတော်ကြီးရဲ့ ခွင့်တောင်းပေးမှုနောက်တွင် အဘွားတော်ရဲ့ ခွင့်ပြုသံကိုကြားလိုက်ရတာကြောင်း မျက်နှာကြောကိုအတတ်နိုင်ဆုံး လျှော့ချကာ အနည်းငယ်ပြုံးလိုက်ပြီး အဘွားတော်ရဲ့ အဆောင်ထဲသို့ ဝင်ရောက်လိုက်သည် ။

"အဘွားတော်ကို ဂါရဝပြုပါတယ် "

အရိုအသေပေးလိုက်တော့ အဘွားတော်က ပြုံးပြပြီးေ
အရှေ့ကထိုင်ခင်းတွင် ဝင်ထိုင်ရန် ညွန်ပြသည် ။

"မနေ့က အိမ်တော်ကိုပြန်တာ ပျော်ခဲ့ရရဲ့လား ..မြေးတော်က လိုက်ခေါ်တယ်ဆို "

အဘွားတော်က ပြုံးပြီးမေးလာတာကြောင်း ကျွန်တော်ခေါင်းငြိမ့်ပြကာ

"ပျော်ခဲ့ရပါတယ် ပြီးတော့ အဘိုးက ကျွန်တော့်ကို နန်းပြင်လွှတ်ပေးတာကို ကျေးဇူးတင်ပါတယ်လို့ အဘွားတော်ကို ပြောပေးပါဆိုပြီး စကားပါးလိုက်ပါသေးတယ် "

"ဝန်ကြီးချုပ်Min ရော နေကောင်းတယ်မလား "

"ဟုတ် အဘိုး နေကောင်းပါတယ် "

နှုတ်ဆက်စကားပြောပြီးနောက်တွင် အဘွားတော်က လက်ထဲက လက်ဖက်ရည်ခွက်ကို စားပွဲခုံပေါ်တင်ကာ သက်ပြင်းခပ်သာသာချလိုက်သည် ။

"အဘွားတော် ဘာတွေများ စိတ်သောကရောက်စရာရှိနေလို့ပါလဲ "

တစ်ခုခုစကားအစပျိုးဖို့ရာ စီစဉ်နေခြင်းဆိုတာကိုသိတာကြောင်း အဆင်ပြေစေရန် စကားလမ်းကြောင်းကို ဖွင့်ပေးလိုက်သည် ။

"အလကားနေ စိတ်ပူနေတတ်တဲ့ ဒီအမယ်အိုကြီးရဲ့ စိတ်သောကတွေဟာ ကြင်ယာတော်ကို စိတ်အနှောက်အယှက်ဖြစ်စေမှာစိုးတယ် "

အဘွားတော်ရဲ့စကားကြောင်း ရယ်ကာ ခေါင်းကိုအသာခါယမ်းပြလိုက်သည် ။ နန်းတွင်းတွင်နေထိုင်ကြသူများက စကားအရာတွင်တော့ သူမတူအောင် ပညာကြွယ်လွန်းသည် ။

Royal Blood (Completed)Where stories live. Discover now