Yoongiသူ့အား ကျန်းမာရေးစစ်ဆေးမှုလုပ်သည်ဟုဆိုတာ ဆေးထိုးအပ်ဖြင့် သွေးတွေစုပ်ထုတ်နေသော ဆရာဝန်ကို ဘုကြည့်ကြည့်လိုက်မိသည် ။ ထိုသူကို တွေ့နေရသည်မှာ ၁ပတ်လောက်ရှိနေပြပီဖြစ်၏ ။ သူနေကောင်းပြီး ကျန်းမာနေတာကို သူ့ကိုယ်သူအသိဆုံး ။ တခါတလေကြ နန်းတွင်းကလူတွေဟာ အရေးမပါတဲ့တာကို အရာလုပ်တတ်ကြ၏ ။
"ကြင်ယာတော် ..ရပါပြီ "
ဆရာဝန်က သူ့ရဲ့ဆေးထိုးအပ်နဲ့ ပစ္စည်းတွေကို သိမ်းကာ ပြောလာ၏ ။ သူခေါင်းငြိမ့်ပြလိုက်ပြီ အင်္ကျီလက်ကို ဆွဲချလိုက်သည် ။
"ကြင်ယာတော် ဘယ်နေရာများ နေမကောင်းဖြစ်လို့လဲ "
"ဘာမှစိတ်ပူစရာတော့မရှိပါဘူး ကိုယ်ရေးအရာရှိ Jung ..ကျန်းမာရေးစစ်ဆေးမှု တစ်ခုပါ "
ဘာမှစိတ်ပူစရာမရှိဘူး...ဘာမှစိတ်ပူစရာမလိုပဲ သူ့ကိုယ်ထဲကသွေးတွေကို ဘယ်နှလီတာလောက် ထုတ်သွားတာလဲလို့ မေးလိုက်ချင်သည် ။
"ခဏလေး ...ဘယ်သူကခိုင်းတာလဲ "
"မင်းကြီးကပါ ..."
နန်းဆောင်ကနေ ပြန်မလို့လုပ်နေတဲ့ ဆရာဝန်ကို လှမ်းမေးလိုက်တဲ့ Hoseok Hyung ။
"ဘာဖြစ်လို့လဲ "
သူမေးလိုက်တော့ Hyung က ခေါင်းခါပြသည် ။
"ကြင်ယာတော် ..."
အဆောင်ထဲကို ဝင်လာတဲ့ Jungkook က သူ့အား အရိုအသေပေးကာ
"မင်းကြီးက မနက်စာစားဖို့ သူ့နန်းဆောင်ကိုလာခဲ့ဖိုရာကို ပြောလိုက်ပါတယ် "
"အာ...ခဏနေ လာခဲ့မယ်လို့ ပြောလိုက် "
ခေါင်းငြိမ့်ပြပြီး ပြန်ထွက်သွားတဲ့Jungkook ကိုကြည့်ပြီး Kim Jin ဆီမှာ ဖုန်းမရှိတာလား ဒါမှမဟုတ် ဖုန်းမသုံးတတ်တာလားဟု တွေးလိုက်မိ၏ ။ လူတွေကို တော်တော်တော့ ပင်ပန်းအောင် နှိပ်စက်တတ်သည် ။
သူတွေးရင်း Hoseok Hyung ကို ကြည့်လိုက်တော့ Hyung က လက်ကနာရီကို ခဏခဏကြည့်နေ၏ ။
"Taehyung စောင့်နေရင် သွားလို့ရတယ် Hyung "
သူပြောလိုက်တော့ Hoseok Hyung က သူ့အားပြုံးပြီး ခေါင်းငြိမ့်ပြ၏ ။ ဒီရက်ပိုင်း Hoseok Hyung ရဲ့ ပါးချိုင့်လေးကို မကြာခဏ တွေ့ရလေသည် ။ Hoseok Hyung ထွက်သွားပြီးနောက်တွင် သူသည်လည်း ဟိုကိန်းကြီးခန်းကြီးနိုင်တဲ့လူဆီကို သွားဖို့ရာ ထ,လိုက်၏ ။