(Unicode)
"အဲ့ဒီတော့ ...Kim Jin က လက်ခံလိုက်တာလား .."
"ကိုယ်လည်း မသိသေးဘူးလေ ကလေးရ "
"မင်္ဂလာဦးညမှာတုန်းကတောင် ဘာမှမဖြစ်ပဲနဲ့ အခုမှ ဘာထ,လုပ်ကြတာလဲ "
Taehyung ရဲ့စကားကြောင့် Hoseok Hyung က မျက်နှာရိပ်မျက်နှာကဲပြ၏ ။
"ရတယ် Hyung ...ကျွန်တော်က ဘာမှမဖြစ်ဘူး "
ဘေးမှာထိုင်ရင်းနဲ့ သူဝင်ပြောလိုက်သည် ။ တကယ်တမ်းကြ Taehyung နဲ့သူနဲ့ အတွေးအတူတူပဲ ။ Kim Jin ဘာစောက်အတွေးတွေ တွေးနေလဲဆိုတာကို သူတကယ်မသိတော့ဘူး ။အရင်အတိုင်းသာဆို သူပြေးသွားပြီး မေးလိုက်မှာ ။
"Hyung ရော အဲ့ဒီ့ကောင်ကို ဘယ်လိုထင်လဲ "
"မပြောတတ်ဘူး ငါက အဲ့ဒီဟာထက် ဘာလို့ အဘိုးက ဒီကိစ္စကို ဦးဆောင်ပြီး တိုက်တွန်းနေတာလဲဆိုတာကို သိချင်တယ် ...သူ့အတွက် အကျိုးရှိလာနိုင်မယ့်ကိစ္စ ဘာတွေရှိလို့လဲဆိုတာကို ငါမစဉ်းစားတတ်ဘူး "
"Hyung က နန်းပြင်ရောက်သွားတော့ သူ့အတွက် လူထပ်မွေးတာဖြစ်မှာပေါ့ ..မိသားစုဆိုတဲ့လူတွေက သူတို့လိုမှ တော်ချင်ကြတာ နေပါအုံး ...အဲ့ဒီလိုပဲ အိပ်ရာပေါ်က ကိစ္စအထိ လိုက်လျှာရှည်ရမှလား သူတို့က "
Taehyung လေးနဲ့ Yoongi ကိုကြည့်ကာ Hoseok သက်ပြင်းခိုးချမိသည် ။ မိသားစုဆိုတာက သူတို့အတွက်တော့ အရာရာနဲ့ ဆန့်ကျင်ဘက်ပဲ ။ ဒီလိုလူနှစ်ယောက်ကို တစ်ချိန်တည်း သူဘယ်လိုထိန်းရမလဲဆိုတာကို စဉ်းစားရင်းနဲ့ ခေါင်းတောင်ကိုက်ချင်လာသည် ။ မိသားစုဆိုတာ ထင်သလောက် မဆိုးဝါးတဲ့အကြောင်းတွေကို အရှေ့ကနှစ်ယောက်အား သူဘယ်လိုပြောပြရပါ့မလဲ ။
"မသိတတ်ဘူး ဒီတိုင်းတောင် တွေးစရာတွေများနေတာ ဒီကိစ္စလောက်ကို ငါလည်း ခေါင်းခြောက်မခံချင်ဘူး ...Jin ဘာလုပ်လုပ် အဲ့တာက သူ့ကိစ္စပဲ ငါလည်း မပြောတတ် "
သူပခုံးတွန့်ပြီးပြောကာ ထွက်လာခဲ့သည် ။ အပြင်ကသာ သူပြောနေပေမယ့် ရင်ထဲမှာ ဝုန်းဒိုင်းကြဲနေတာ သူသာသိသည် ။ ပျင်းတာနဲ့ ဧည့်ခန်းနဲ့ ခပ်ဝေးဝေးမှာတည်ရှိနေတဲ့ အခန်းလေးထဲကို ဝင်လာခဲ့လိုက်၏ ။ အခန်းရဲ့ဖွဲ့စည်းပုံသာ သေးငယ်ပြီး လျှိုဝှက်ဆန်၏ ။ ဒီသေးငယ်တဲ့အခန်းလေးထဲမှာ ဓါတ်ပုံalbum တွေ ၊ Photo Tape တွေ ၊ video record တွေနဲ့ projector တစ်ခုသာ တည်ရှိ၏ ။ သူသည်လည်း ဒီအခန်းလေးကို အရင်တစ်ပတ်လောက်မှသာ ရှာတွေ့မိခြင်းဖြစ်သည် ။ Jin နဲ့ မတွေ့ရတဲ့အတောတွင်း ဓါတ်ပုံalbum တွေ နဲ့ Photo Tape တွေ ရှိတဲ့ အခန်းငယ်လေးက သူ့အတွက် အပန်းဖြေရာနေရာလေးဖြစ်လာခဲ့၏ ။ Kim Jin ငယ်ဘဝကို စိတ်ဝင်တစားနဲ့ စပ်စုရတာဟာ သူ့ရဲ့လက်တလော ဝါသနာတစ်ခုဖြစ်လာ၏ ။
