V

849 114 0
                                    

(Zawgyi)

ယနေ့ဟာ မင်္ဂလာလက်ထပ်ပွဲဖြစ်တာကြောင်း နန်းတွင်းတစ်ခုလုံး လှုပ်ရှားတက်ကြွနေကြသည် ။ စားဖိုဆောင်ကရှန်ကုံးတွေဟာ အစားအသောက်တွေကို ပြင်ဆင်နေကြသည် ။ အချုပ်အလုပ်ဆောင်က ရှန်ကုံးတို့ကလည်း အခမ်းနားဆုံးသော မင်္ဂလာဝတ်စုံအတွက် ပြင်ဆင်နေကြရသည် ။ ထို့အတူ အမှုထမ်းနှင့် နန်းတွင်းသူတို့သည်လည်း ဟိုမှသည်သို့ လူးလားကူးခတ်လျက် ။

"Hoseok hyung ~ဒါကြီးဝတ်မှ ဖြစ်မှာလား "

ခေါင်းပေါ်က သတိုးသားခေါင်းဆောင်းကို လက်နှင့်ထိန်းကိုင်ရင်း မေးလာတဲ့ Yoongi ကြောင်း Hoseok  ခေါင်းငြိမ့်ပြလိုက်သည် ။

"ကြင်ယာတော် ~"

အသံကြားလို့ လှည့်ကြည့်မိတော့ တံခါးဝကနေ ခပ်လောလောလျှောက်လာတဲ့ ယဉ်းကျေးမှုရေးရာဝန်ကြီး Kim Namjoon ။ ယနေ့၏ အခမ်းအနားကြီးကြပ်ရေးမှူးဖြစ်တာကြောင်း ပုံမှန်ထက်ပိုသေသပ်သော Black suit ကို ဝတ်ဆင်ကာ အပေါ်ကနေ long coat အမည်းကို ထပ်ဝတ်ထားသည် ။

" Sam ~"

Yoongi နှုတ်ဆက်ကာ မင်္ဂလာခေါင်းဆောင်းကို ဖြုတ်လိုက်ပြီး ဘေးနားက နန်းတွင်းသူရဲ့ လက်ထဲကို ထည့်ပေးလိုက်သည် ။

"ထိုင်ပါအုံး ~Sam "

Yoongi ပြောကာ အရှေ့ကခုံမှာ ထိုင်လိုက်သည် ။

"ကြင်ယာတော် ဘာအခက်အခဲရှိလဲဆိုတာ တစ်ချက်လာကြည့်ပေးတာ "

မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ရင်း ဖြေလိုက်တဲ့ ယဉ်ကျေးမှုရေးရာဝန်ကြီးရဲ့ စကားအဆုံးတွင် Yoongi သူ့ကိုယ်သူပြန်ကြည့်လိုက်သည် ။ ရိုးရာဝတ်စုံကို ဝတ်ထားရတာဟာ သူ့အတွက် ဘယ်လိုမှအဆင်မပြေတာ သေချာသည် ။ အထပ်တွေများသည့်အပြင် အကုန်လုံးက သေသပ်အောင် ဖဲကြိုးတွေကို တင်းတင်းချည်ထားတာကြောင်း နေရတာ အသက်ရှုကြပ်လှသည် ။

"ဒီအင်္ကျီကလွဲရင် အကုန်အဆင်ပြေတယ် "

Yoongi ဆိုလိုက်သော စကားကြောင်း Namjoon ရော Hoseok ပါ ပြုံးလိုက်သည် ။ ဒီအဝတ်အစားတွေနဲ့ ဘယ်လောက်စိတ်ရှုပ်နေမလဲ ဆိုတာ သူတို့သိပါသည် ။ အစပိုင်းကတော့ မာကြောကြော ဂျစ်ကန်ကန်လိုထင်ရပေမယ့် ကြင်ယာတော်နားမှာ နေလာရတာ ကြာသည်အမျှ ကြင်ယာတော်၏ စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်တို့ကို ရင်းနှီးလာပြီဖြစ်သည် ။

Royal Blood (Completed)Tempat cerita menjadi hidup. Temukan sekarang