IV

878 122 2
                                    

(Zawgyi)

Yoongi အဆောင်ထဲက အိပ်ရာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း ခြေသလုံးကို လက်နှင့်အသာနှိပ်လိုက်သည် ။ မနေ့ကမှ နန်းတွင်းရောက်ပေမယ့်  ဒီနေ့မနက်အစောကြီးကတည်းက ထရပြီး မယ်တော်ကြီးတို့ကို ဂါရဝသွားပြုရသည် ။

"ညောင်းလိုက်တာ "

ပြောကာ ခြေထောက်ကို လက်နှင့်ခပ်ဖွဖွထုလိုက်သည် ။ ဂါရဝပြုရင်း စကားပြောနေတဲ့ တစ်နာရီလုံး မသက်မသာနဲ့ထိုင်ထားရတာ တော်တော်ပင်ပန်းတာပင် ။ နန်းတွင်းထဲကလူတွေက တကယ်တော်တာပဲ ။

"ကြင်ယာတော် ကိုယ်ရံတော်Jungkook က တွေ့ခွင့်တောင်းနေပါတယ် "

အပြင်က အထိန်းတော်ရဲ့အသံကြောင်း ခေါင်းချိုးနေရာမှ

"ဝင်ခဲ့လိုက် "

"ဂါဝရပြုပါတယ် ကြင်ယာတော် "

"ဘာကိစ္စလဲ ~"

Jungkook ရဲ့ နှုတ်ဆက်စကားအနောက်မှာ လာရင်းကိစ္စကိုမေးလိုက်တော့ သူနဲ့ပါလာတဲ့ လူတစ်ယောက်ကို ခေါင်းတစ်ချက်ဆတ်ပြလိုက်သည် ။ ထိုအခါ ထိုသူက ခေါင်းငုံ့နှုတ်ဆက်ကာ

"ဂါဝရပြုပါတယ် ကျွန်တော်က ကြင်ယာတော်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်မယ့် Jung Hoseok ပါ "

နှုတ်ဆက်လာတဲ့ ထိုသူက ပြေပြစ်တဲ့မျက်နှာအချိုးအစားအပြင် သူရဲ့နှုတ်ခမ်းပါးတွေဟာ ပြုံးယောင်သန်းနေသလို ။ ထို့အပြင် ခပ်ပါးပါး မျက်မှန်ဝိုင်းလေးတစ်လက်ကို တပ်ထားသေးသည် ။

"သူက ကြင်ယာတော်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ပေးပါလိမ့်မယ် နန်းတွင်းနဲ့ ပတ်သက်လို့ ကြင်ယာတော်သိချင်သမျှကို သူ့ကိုမေးလို့ရပါတယ်  ပြီးတော့ ကြင်ယာတော်ရဲ့ အချိန်စာရင်းတွေနဲ့ တက်ရောက်ရမယ့်ပွဲတွေအကုန်လုံးကို သူက ပြောပြပါလိမ့်မယ် "

Jungkook ရဲ့ စကားကို ခေါင်းငြိမ့်ပြလိုက်ပြီး ထိုသူကိုကြည့်လိုက်တော့ သူကမနေတတ်သလို ရယ်ပြလာသည် ။

"အဲ့ဒါဆို ကျွန်တော်သွားလိုက်ပါအုံးမယ် "

Jungkook က နှုတ်ဆက်ကာ ထွက်သွားပြီးနောက် ကျွန်တော်အိပ်ရာပေါ်ကို လှဲချလိုက်သည် ။

Royal Blood (Completed)Where stories live. Discover now