(Zawgyi)
"လွမ်းနေတာ...Jin "
အရက်ခွက်ကို တစ်ဖက်ကကိုင်ပြီး ပြောလာတဲ့သူမက အရင်ကလို မပြောင်းလဲသေးပဲ ။ ရဲရင့်ပြီး ခေတ်နဲ့အညီဝတိစားတတ်တဲ့သူမက အနီရောင်ရင့်ရင့်suit ကို ကျောက်စိမ်းလက်ဝတ်ရတနာနဲ့ တွဲဝတ်ထားပြီး မျက်နှာမှာလည်း နှုတ်ခမ်းနီတစ်ခုကိုသာ ခြယ်သထားသည် ။ ခပ်ဝေးဝေးကနေတောင်ရနေတဲ့ ရေမွှေးနံ့အရ ကိုယ်က သူ့ဆီလာတော့မယ်ဆိုတာကို ကြိုပြီး တွက်မိပုံရတယ် ။
"စကားတွေသိပ်မများပဲ ဘာဖြစ်လို့ ပြန်လာလဲဆိုတာကိုပြော "
သူပြောလိုက်တော့ Sohee က ပြုံးကာ
"လက်ထဲသေနတ်ကိုချပြီး ငါနဲ့စကားလေးပြောပါအုံး ...နင်လာမယ်ထင်လို့ အများကြီိးပြင်ဆင်ထားရတာ ..ငါ့ကို မလွမ်းဘူးလား "
သူမရဲ့စကားအဆုံးတွင် သေနတ်ကို သူမနားကို ပိုကပ်လိုက်တော့ သူမက ရယ်ကာ
"ငါ့ကို ပစ်ရက်လို့လား .. Jin "
သူမရဲ့စကားအဆုံးတွင် ရယ်လိုက်ကာ သေနတ်ရဲ့မောင်းကို ဖိလိုက်၏ ။ နားထင်နားက ဖြတ်သွားတဲ့ ကျည်ဆံဟာ သူမရဲ့ဆံပင်တချို့ကိုပါ ရှပ်၍ဖြတ်သွားသည် ။ အခန်းရဲ့လေထုဟာလည်း အတန်ကြာ တိတ်ဆိတ်သွား၏ ။
သူမရဲ့ မျက်ဝန်းတစ်စုံဟာလည်း အနည်းငယ်ကျယ်လာ၏ ။ Kim Jin သေနတ်မောင်းကို ထပ်ချိန်လိုက်ကာ သူမရဲ့ ခေါင်းကို ချိန်လိုက်သည် ။
"အခုထိ ငါက မင်းကို မပစ်ရက်ဘူးလို့ ထင်နေတုန်းလား ...ဒီကိုပြန်လာတဲ့ အကြောင်းအရင်းကို သုံးစက္ကန့်အတွင်း မပြောနိုင်ရင် နောက်ထပ်ထွက်လာမယ့် ကျည်ဆံက မင်းရဲ့ ခေါင်းထဲဖြစ်သွားလိမ့်မယ် ...ငါရဲ့ သေနတ်ပစ်အရည်အချင်းက ဘယ်လောက်ရှိလဲဆိုတာကိုတော့ မင်းသိမှာပါ တစ် ...နှစ် ..."
"ငါ့ ...ငါ့ကို ကယ်ပါ Jin "
စကားမဆုံးခင် ဒူးထောက်ကာ တောင်းပန်လာတဲ့သူမက ကျွန်တော့်ကို မပြောင်းလဲသေးဘူးလို့ ထင်နေပုံရတယ် ။ ဘာကိစ္စနဲ့လဲဆိုတဲ့သဘောနဲ့ မေးဆတ်ပြလိုက်တော့ သူမက မျက်ရည်တွေနဲ့ မော့ကြည့်လာ၏ ။ ဒါပေမယ့် သူမရဲ့ မျက်ရည်တွေက ဘယ်တော့မှ မစစ်မှန်ခဲ့ဖူးဘူး ။