(Unicode)
သူအတန်ကြာအောင် ဆောက်တည်ရာမရဖြစ်ပြီးနောက်တွင် စိတ်ကိုပြန်ထိန်းကာ စိုးရိမ်မှုတွေကို ဖိနှိပ်လိုက်သည် ။ ပြီးတော့ Taehyung နဲ့ Hoseok Hyung ကို ကြည့်လိုက်တော့ နှစ်ယောက်စလုံးက သူ့အား စိုးရိမ်စွာကြည့်နေ၏ ။
"အဆင်ပြေတယ် ..."
"ကြင်ယာတော် အဆင်ပြေရင် ကျွန်တော် အဘွားတော်ဆီကို ခဏသွားလိုက်အုံးမယ် အကူအညီ ရမှာပါ "
သူခေါင်းငြိမ့်ပြလိုက်သည် ။ပုံမှန်ဆို Namjoon Sam ကို ချက်ချင်းအကူအညီတောင်းလို့ရပေမယ့် ထိုသူကလည်း ဒီမနက်ကမှ နိုင်ငံခြားခရီးစဉ်ထွက်သွားတာကြောင့် အဘွားတော်ကိုပဲ အကူအညီတောင်းရတော့မှာဖြစ်သည် ။ မဟုတ်ရင် သူကိုယ်တိုင်သွားလိုက်ချင်ပေမယ့် Jin က သူ့ကိုပါ ခေါ်သွားတယ်လို့ လိမ်ထားတာကြောင့် သူက ဒီမှာပဲနေနေရတော့မှာ ။
"Taehyung ..."
Hoseok Hyung ကို လိုက်ပို့ပြီး ပြန်လာတဲ့ Taehyung ကို သူလှမ်းခေါ်လိုက်သည် ။
"Hyung ပြော ကျွန်တော် ဘာလုပ်ပေးရမလဲ "
"David ....ရုရှားမှာ ရှိအုံးမယ်မလား "
"ရှိမှာပေါ့ သူ့ရှာခိုင်းမလို့လား ...ဖြစ်မယ်မထင်ဘူးနော် Hyung လက်ထဲက မြေကိုမရောင်းလို့ သိပ်ကြည်တာမဟုတ်ဘူး အဲ့ခွေးက "
"ပေးမယ်လို့ပြောလိုက် ..."
"Hyung ! အဲ့မြေက Hyung ဘယ်လိုဝယ်ထားခဲ့
တဲ့မြေလဲ "Taehyung ရဲ့ အမေးကြောင့် သူခပ်ယဲ့ယဲ့ပြုံးလိုက်မိသည် ။ နေ့မှန်းညမှန်းမသိအောင် လက်နက်ကူးရင်း ဆေးရောင်းရင်းနဲ့ ပိုက်ဆံရှာပြီး အသန်အသည်ဝယ်ထားခဲ့ရတဲ့နေရာဟာ သူဘယ်လောက်တန်ဖိုးထားတဲ့မြေလဲဆိုတာ မေးစရာတောင်မလိုဘူး ။
"ဒါပေမယ့် Jin က ပိုအရေးကြီးနေတယ်လေ "
"အဲ့တာဆို အန်တီကိုရော ဘယ်လိုလုပ်မလဲ "
Taehyung က မတ်တပ်ထ,ရပ်ရင်း မေးလာ၏ ။ သူ Taehyung ကို ကြည့်ပြီး သက်ပြင်းချလိုက်သည် ။
"မေမေ့ကို ဒီမြေပေါ် ပြန်ခေါ်တာပေါ့ "
Taehyung ဆီကနေ ခဏတာ တိတ်ဆိတ်နေပြီးမှ သက်ပြင်းချသံကြားလိုက်ရသည် ။