(Unicode)
ပြေးနေခဲ့တာ ...သူ အစွမ်းကုန်ပြေးနေခဲ့ပေမယ့် ဘေးပတ်ပတ်လည် အဖြူရောင်မြူတွေဖုံးနေပြီး ဘာမှမရှိတဲ့လွင်ပြင်ထဲမှာပဲ တဝဲလည်လည်ဖြစ်နေ၏ ။ တစ်နေရာရာကို ထွက်ပေါက်ရှာနေပေမယ့် ရှေ့လည်းမမြင်ရ ဘေးလည်းမမြင်ရတဲ့ ဒီနေရာကြီးက သူ့ကိုလက်မြှောက်အရှုံးပေးချင်စိတ်ကို ဖြစ်စေသည် ။
"သား ..."
Yoongi ကြားလိုက်တဲ့ခေါ်သံကြောင့် ကြည့်လိုက်တော့ မေမေက ရပ်ကြည့်ကာ သူ့အား လက်လှမ်းပေးနေ၏ ။ သူမြန်မြန်လျှောက်သွားပြီး မေမေ့လက်ကိုတွဲလိုက်သည် ။
"ဘယ်ရောက်နေတာလဲ မေမေ"
"တနေရာရာပေါ့သားရယ် "
မေမေကဖြေပြီး ဆံပင်တို့ကိုသပ်တင်ပေးလာသည် ။
"ဒီနေရာကနေ ပြန်ထွက်ချင်ပြီ သားနေရတာ မွန်းကြပ်လာပြီမေမေ အရာအားလုံး လက်လျှော့ချင်လာပြီ "
သူပြောလိုက်တော့ မေမေက သူ့အား ပြုံးကြည့်ကာ
"အားတင်းထားရမှာပေါ့ သားလက်လျှော့လိုက်ရင် သားကိုမျှော်နေကြတဲ့လူတွေ ဘယ်လိုလုပ်မလဲ "
မေမေစကားကြောင့် Jin ကိုတွေးမိသွားသည် ။Jin အခုဆို ဘယ်လောက်တောင် စိတ်ပူနေလိုက်မလဲ ။
"Jin ...ပြီးတော့ သားလေး "
သူပြောလိုက်တော့ မေမေခေါင်းငြိမ့်ပြ၏ ။
"လာ ဒီနေရာက သားနေသင့်တဲ့နေရာမဟုတ်ဘူး "
"ဒါပေမယ့် သွားစရာနေရာမရှိဘူး "
သူ့စကားကြောင့် မေမေက လက်ဆွဲပြီး ခေါ်သွားသည် ။ သွားရင်းနဲ့ ကျောပြင်တစ်ခုကိုမြင်လိုက်ရ၏ ။ ထိုအနေအထား ထိုကျောပြင်ကျယ်ဟာ သူချစ်ရတဲ့ Jinဆိုတာ လုံးဝသေချာ၏ ။ မေမေက သူ့လက်ကို လွတ်လိုက်ကာ
"သွားပါ ...သားကိုစောင့်နေတဲ့လူတွေဆီကို ပြန်သွားပြီး ပျော်ပျော်ရွင်ရွင်နေ အမုန်းတွေထပ်မထားနဲ့တော့ "
မေမေ့စကားကို ခေါင်းငြိမ့်ပြပေမယ့် မေမေ့လက်ကို လွတ်မပေးလိုက်နိုင်ဘူး ။ သူ့အကြောင်းကိုသိတဲ့ မေမေက လက်ကို တင်းနေအောင်ဆုပ်ပြီး သူ့အားကြည့်ကာ
