IX

834 107 0
                                    

(Zawgyi)

မျက်လုံးတို့က ဖွင့်ရတာခက်နေတာကြောင်း မျက်မှောင်ကြုပ်ပြီး အားယူကာဖွင့်ကြည့်လိုက်သည် ။မျက်လုံးဖွင့်လိုက်တော့ စူးနေတဲ့အလင်းရောင်ကြောင်း မျက်စိကိုအသာပြန်မှိတ်လိုက်၏ ။ ခေါင်းကို ဘေးဘက်လှည့်လိုက်တော့ မူးနောက်နောက်ခံစားချက်က ပို၍ပင် ဆိုးလို့လာလေသည် ။

"ကြင်ယာတော် နိုးလာပြီလား နေသာရဲ့လား"

နားထဲကြားရသော Hoseok Hyung ရဲ့အသံက တိုးတစ်လှည့် ကျယ်တစ်လှည့် ။ သူမျက်စိမှိတ်ထားရင်းနဲ့ပင် ခေါင်းငြိမ့်ပြလိုက်သည် ။ နောက်တစ်ခေါက်အားယူကာ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ ဘေးနားတွင်ရပ်ကာ စောင့်ပေးနေသော Hoseok Hyung ကို တွေ့လိုက်ရသည် ။

"Hoseok Hyung ...မင်းကြီးရော "

"အီတလီသံအမတ်နဲ့သွားတွေ့တယ် အဆင်ပြေမှာပါ .."

ကျွန်တော့်အမေးကို အဖြေပြန်ပေးရင်း ခမလို့လုပ်နေတဲ့ ကျွန်တော့်ကို ကူထူပေးပြီး သွေးပေါင်ချိန်တာတွေ လုပ်ပေးနေတဲ့ Hoseok Hyung က သူကျွမ်းကျင်တဲ့အလုပ်တစ်ခုကိုလုပ်နေသလိုကို အေးအေးဆေးဆေးရှိလှသည် ။

"ကြင်ယာတော်နိုးလာရင်လည်း စိတ်ပူမနေနဲ့လို့ ပြောပေးပါလို့ ပြောသွားတယ် "

"ဘယ်သူက စိတ်ပူနေလို့လည်း "

အလိုမကျစွာပြောလိုက်တော့ Hoseok Hyung က ပါးချိုင့်ခပ်ရေးရေးပေါ်လာသည့်အထိ ပြုံးသည် ။

" ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ ...ဒီခန္ဓာက အဖိုးတန်လို့ အထိခိုက်မခံပါနဲ့ "

Hoseok Hyung ရဲ့စကားကြောင်း ခေါင်းငြိမ့်ပြလိုက်သည် ။

"ဒဏ်ရာက သိပ်မကြီးတော့ တော်တော်လေးသက်သာနေပြီ အရေးကြီးတာက ကိုယ်ခံအားနည်းနေတာပဲတဲ့ အဲ့တာကြောင်း မင်းကြီးက စားတော်ကဲကြီးကို အားဆေးဆက်ပေးဖို့ အမိန့်ပေးထားတယ် .."

ဘေးနားက နန်းတွင်းသူလေးရဲ့ လက်ထဲကဗန်းပေါ်ကနေ အားဆေးခွက်ကိုယူကာ ပြောရင်း သူက ဆေးခွက်ကို ကျွန်တော်လက်ထဲထည့်ပေးလာသည် ။

"အဲ့လိုဆိုတော့လည်း မင်းကြီးကျေးဇူးနဲ့ ဆေးကောင်းသောက်ပြီး အသက်ရှည်ရှည်နေရသေးတာပေါ့ "

Royal Blood (Completed)Where stories live. Discover now