XXV

950 93 38
                                    

(Unicode)

"Taehyung ...အဖေ ... ထမင်းစားရအောင် "

Hoseok ပြောပြီးနောက် တံခါးကို အသာပြန်ပိတ်ပြီး အိမ်ရဲ့ မီးဖိုခန်းဘက်ကို လျှောက်လာခဲ့သည်။ Kim Taehyung ..အဲ့ကလေး သူ့အိမ်ရောက်ကတည်းက အဖေနဲ့ အလုပ်ရှုပ်နေတာ သူ့ကိုတောင် မကပ်တော့ဘူး။ ဒီလိုမှန်းသိရင် နှစ်သစ်ကူးအကြိုပြန်အလာကို ခေါ်လာခဲ့မှာတောင် မဟုတ်ဘူး။

မီးဖိုခန်းထဲရောက်တော့ အမေက လှမ်းကြည့်လာ၏။ သူပြုံးပြပြီး အမေ့ကိုကူပေးဖို့ သွားလိုက်သည်။ သူတို့ မိသားစုလေးက အဖေရယ် အမေရယ် သူရယ် အမရယ် အားလုံးပေါင်းမှ လူလေး၄ယောက်ရှိတာကို အခု အမက အိမ်ထောင်ပြုပြီး သူကနန်းတွင်းထဲမှာ အမြဲနေရတာမို့ အဖေနဲ့အမေနဲ့သာ ကျန်ခဲ့၏။ သို့သော် သူတို့မိသားစုလေးက လူနည်းသလောက် အေးချမ်းသည်။

"ဘာတဲ့လဲ သား "

အမေက စာကြည့်ခန်းကို ကြည့်ကာမေးလာ၏။

"အဖေက ခေါင်းငြိမ့်ပြတယ် ခဏနေ လာမယ်ထင်ပါတယ် အခုတော့ အဖေသိမ်းထားတဲ့ပန်းချီကားတွေနဲ့ အလုပ်ရှုပ်နေကြတယ်"

ထမင်းပန်းကန်တွေခပ်နေတဲ့အမေ့နားကို ပန်းကန်တွေကူကိုင်ပေးနေရင်း သူပြောလိုက်၏။

"သား...မင်း အဲ့ကောင်လေးကို သဘောကျနေတာလား"

"အမေကလည်း အဲ့ကောင်လေးက သားကို သဘောကျနေတာလားလို့ မေးရမှာကို"

သူပြောလိုက်တော့ အမေ့က ထမင်းခပ်နေတာကိုချပြီး ဗိုက်ကို ခပ်သာသာ လိမ်ဆွဲလာ၏။

"တစ်ယောက်ယောက်ကို သဘောမကျပဲ အိမ်ကိုခေါ်လာမယ့်ကလေးလား သားက... မေမေ့ကို လာညာဖို့မစဉ်းစားနဲ့ ကောင်ဆိုးလေး"

အမေရဲ့ ပြောစကားကြောင့် သူရယ်လိုက်မိသည် ။

"အမတ်ကြီးKimရဲ့ သားအငယ်ဆုံးလို့ သားပြောဖူးတယ်... သူ့အိမ်က ဒီလောက်ချမ်းသာတာ မေမေ့သားကို သဘောတူပါ့မလား Hoseok ရယ်... မေမေကတော့ မေမေ့သားကို ပစ်ပစ်ခါခါလုပ်မယ့်အိမ်ဆို  သူတို့ဘက်က ဘယ်လောက်ချမ်းသာနေနေ သားဘယ်လောက်ကြိုက်ကြိုက် သဘောမတူဘူးနိုင်ဘူးနော်... သူတို့အတွက် သာမန်ဆိုပေမယ့် မေမေ့အတွက်ကတော့ အဖိုးတန်သားသမီးလေးတွေပဲ"

Royal Blood (Completed)Dove le storie prendono vita. Scoprilo ora