(Zawgyi)
"Jungkook ...Dr.Shin ကို ခေါ်ခဲ့ ဘယ်သူမှမသိစေနဲ့ အခန်းတံခါးတွေအကုန်ပိတ်ပြီး အပျိုတော်တွေအကုန်ပြန်လွှတ်လိုက် ပြီးတော့ ကြင်ယာတော်ဒီနေ့ ငါ့နန်းဆောင်အိပ်တယ်လို့ ကြင်ယာတော်နန်းဆောင်က အပျိုတော်ကို သွားပြောလိုက်"
"အမိန့် အတိုင်းပါ "
Jungkook က အလေးပြုကာ ထွက်သွားပြီးနောက် ပေါင်ပေါ်မှာ ခေါင်းတင်ထားလျက်နှင့် မေ့နေသော Yoongi အား ပွေ့ချီလိုက်သည် ။ လက်ကိုထိတွေ့လာသော ခပ်စိုစိုသွေးတွေကြောင်း စိုးရိမ်စွာကြည့်လိုက်တော့ သူမျက်နှာတစ်ခုလုံး ဖြူရော်ကာ သွေးပင်မလျှောက်တော့သလို ။ ဒီလောက်ဖြစ်နေတာကို ပေပြီး ပြေးလွှားနေတာလားဟုသော အတွေးကဝင်လာတော့ တောက်တစ်ချက်ခေါက်လိုက်မိ၏ ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ဂရုမစိုက်တဲ့ ဒီကောင်က အရေပဲထူတာလား ရူးနေတာလား ။
သူအားချီရင်းနဲ့ပင် အိပ်ခန်းထဲသို့ဝင်ကာ ကုတင်ပေါ်ချလိုက်တော့ သူ့ရဲ့အသက်ရှူသံပြင်းပြင်းက ပါးသို့လာရောက်ရိုက်ခတ်လာသည် ။ အပေါ်အင်္ကျီချွတ်လိုက်တော့မှ တွေ့လိုက်ရတဲ့ သွေးကွက်က မနည်းမနော ဒီကောင်ဟာ အမှန်တကယ်ကိုပဲ အရေထူနေတာဖြစ်မည် ။
"Dr.Shin ရောက်လာပါပြီ မင်းကြီး "
"ဝင်လာခဲ့လိုက် "
အမိန့်ရဲ့နောက်တွင် အခန်းထဲဝင်လာသော Jungkook နဲ့ Jungkook ရဲ့နောက်က Dr.Shin က အရိုအသေပေးသည် ။ သူတို့ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အိပ်ရာထက်မှာ လှဲလျောင်းနေသော ပုံရိပ်ငယ်လေးဆီသို့ လှည့်ကြည့်လိုက်သည် ။
"Dr.Shin ...ကြင်ယာတော်ရဲ့ ဒဏ်ရာကိုကုပေးပါ ပြီးတော့ ဒီကိစ္စကို ဘယ်သူမှမသိစေနဲ့ ကျွန်တော်ပြောတာ နားလည်တယ်မလား "
Dr.Shin ကိုကြည့်ကာ ပြောလိုက်တော့ သူကခေါင်းငြိမ့်ပြပြီ ဆေးကုပေးဖို့ရာလုပ်နေတာကြောင်း ဘေးကိုဖယ်ရပ်ပေးလိုက်သည် ။ ထိုအခါ Dr.Shin က အင်္ကျီအောက်နားတွေကို ကပ်ကြေးနဲ့ကိုက်ထုတ်ကာ ဒဏ်ရာရဲ့အခြေနေကိုကြည့်နေ၏ ။
"ဒဏ်ရာက နည်းနည်းနက်တယ် အခုချက်ချင်းချုပ်မှ အဆင်ပြေမှာဆိုတော့ ...."
