XXII

1.3K 133 77
                                        

(Zawgyi)

Hoseok Hyung က ပြန်ရောက်ရောက်ချင်း သူ့ဆီက ကြားလိုက်ရတဲ့စကားကြောင့် အနည်းငယ်ရှော့ရသွားဟန်တူတယ် ။ ရက်အတန်ကြာတဲ့အထိ သူ့အား ပုံမုန်ဆက်ဆံနေကြထက် ပို၍နည်းပါးစွာ စကားပြောသည် ။ စ,သိတဲ့နေ့ကဆို နေ့တစ်ဝက်ကျိုးတဲ့အထိ စကားတစ်ခွန်းမှ ပြောမလာဘူး ။ သူလည်း ဒီအခြေအနေကြီးက နေရခက်ပေမယ့် သူတောင် လက်ခံဖို့ရာ အချိန်ကြာခဲ့တာ တခြားလူတွေလည်း မဖြစ်နိုင်တဲ့ အမှန်တရားကြီးကို လက်ခံဖို့ အချိန်အနည်းငယ်တော့ ပေးရမှာပေါ့ ။

"Yoongi ..."

"ပြော...ပြောလေ Hyung ..."

ရုတ်တရက်ကြီး ထ,စကားပြောလာတာကြောင့် ဖုန်းကြည့်ချင်ယောင်ဆောင်ပြီး Hoseok Hyung ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ခိုးပြီး အကဲခတ်နေတဲ့ သူ အနည်းငယ်တော့ ပြာယာခတ်သွား၏ ။

"အဆင်ပြေပါ့မလား "

"အဆင်ပြေမှာပါ Namjoon Sam ကတော့ စိတ်မပူနဲ့လို့ပြောတာပဲ "

ဟုတ်တယ် သူဆုံးဖြတ်ချက်ချလိုက်တဲ့နေ့ကတည်းက Namjoon Sam ကို အကုန်မေးပြီးပြီ စိတ်မပူနဲ့လို့တော့ ပြောတာပဲ ။

"မဟုတ်ဘူး မင်းခန္ဓာကိုယ်လေးက သေးသေးလေးရယ် ပြီးတော့ ကျန်းမာရေးကလည်း အကောင်းကြီးမဟုတ်ဘူး အဆင်ပြေပါ့မလား .."

Hoseok Hyung နေ့တစ်ဝက်လောက်ငြိမ်နေတာက သူ့ကိုစိတ်ပူလို့ဆိုတာ သိလိုက်ရတော့ ရင်ထဲမှာ ပျော်ရွှင်မှုလေး အနည်းငယ် ဖြတ်ပြေးသွား၏ ။

"အဘွားတော်ကို ပြောကြည့်ရင်ရော Yoongi ... အဘွားတော်ကဆိုရင်တော့ ကူညီပေးနိုင်မှာပါ ..."

Hoseok Hyung ရဲ့ စကားကြောင့် လက်ထဲက ဖုန်းကိုချပြီး ဘေးနားအံဆွဲက စာရွက်လေးကို ထုတ်ပေးလိုက်သည် ။ Hoseok Hyung ရဲ့ ဘာလဲဆိုသောအကြည့်ကို သူမေးဆတ်ပြရင်းနဲ့သာ ပြန်ဖြေလိုက်သည် ။

"ဒီဟာက..."

Hoseok Hyung က ယူကြည့်ပြီး မျက်မှောင်ကို အနည်းငယ်ကြုပ်ကာ ပြောလာ၏ ။

"အဲ့ဒါက အဘွားတော်ရဲ့ အဖြေပဲ ဒီကိစ္စတွေမဖြစ်ခင် အရင်ကတည်းက သူမက ပေးထားတာ "

Hoseok Hyung က ပြန်ပေးလာတဲ့ ကြေညာစာရွက်ဖြတ်ပိုင်းလေးကို ဖတ်ကြည့်ရင်း ပြုံးလိုက်မိသည် ။ ဒီစာရွက်ကလေးရလာတဲ့အချိန်ကစ,ပြီး သူနဲ့ အဘွားတော်နဲ့ သိပ်ပြီးအစေးမကပ်ကြတော့တာ ။ ထိုအချိန်တုန်းက သူသည် 'ဒီလောက်နန်းမွေအရေးပါရင် သူမရဲ့မြေးကို မွေးခိုင်းလိုက်ပါလား'ဟု ခပ်ချဉ်ချဉ်တွေးမိသေးသည် ။ ဒါပေမယ့် အတွေးသက်သက်ပါ ။ ကိုရီးယားနိုင်ငံက ပြည်သူလူထုတစ်ရပ်လုံးရဲ့ ချစ်ခြင်းတွေနဲ့လေးစားမှုတွေကို စားသုံးနေတဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ လိုတရဘုရင်ကို ထိုကဲ့သို့ပြောမိလို့ ခေါင်းနဲ့ကိုယ် အိုးစားကွဲရမည့်အဖြစ်မျိုး သူမဖြစ်ချင် ။

Royal Blood (Completed)Où les histoires vivent. Découvrez maintenant