(Zawgyi)
မနက်စောစော Taehyung ရဲ့ ဖုန်းဆက်သတင်းပေးမှုကြောင့် သူ laptop ကို ဖွင့်ကြည့်မိတော့ စိတ်ကျေနပ်လောက်စရာ သတင်းခေါင်းစဉ်တွေက ဆက်တိုက်တက်လာ၏ ။ Min group ရဲ့ဆက်ခံသူ မြေးအကြီး Min Daeho ရဲ့ ငွေကြေးလိမ်လည်မှုနဲ့ မိန်းမအရှုပ်အရှင်း ကိစ္စတွေ ထိုသတင်းခေါင်းစဉ်တွေဟာ သူ့ရဲ့ မနက်ခင်းကို ကြည်လင်စေ၏ ။
အခုချိန်ဆို သူရဲ့ မွေးသဖခင်ကြီးနဲ့ မိထွေးတို့ ဘယ်လောက်တောင် ခေါင်းမီးတောက်နေမလဲဟု တွေးမိသည် ။ အမြဲတမ်း မျက်နှာကို အပြည့်အစုံခြယ်သကာ အထက်တန်းကျကျ အဝတ်အစားတို့ကို ဝတ်ဆင်တတ်တဲ့ ဂုဏ်သတင်းကြီးမားပြီး ကျက်သရေရှိချင်ယောင်ဆောင်တတ်တဲ့ မိထွေး၏ သူ့သားသတင်းကြောင့် ဆွေ့ဆွေ့ခုန်နေမည့် အဖြစ်ကို တွေးမိတော့ ရယ်ချင်သွားတယ် ။
"ဘာတွေ သဘောကျနေတာလဲ "
ဘေးနားကနေ ကော်ဖီခွက်ကို လှမ်းပေးကာ မေးလာတဲ့ Hoseok Hyung ကြောင့် သူ့ပြုံးကာ ခေါင်းခါပြလိုက်သည် ။
"မင်းကြီးအကြောင်းတွေးနေတာလား .."
Hoseok က ပြုံးပြီးမေးလာတော့မှ သူKim Jin အကြောင်းကို တွေးမိသွား၏ ။ စံအိမ်ကနေ ပြန်လာကတည်းက Kim Jin ကို ပတ်ရှောင်နေရတာဟာ သူ့အတွက် တော်တော်အခက်တွေ့လှသည် ။ ထိုနေ့ကအကြောင်းကို စဉ်းစားမိတိုင်း သူ့ခေါင်းတွေဟာ ထုံထိုင်းသွားသလို ခံစားရ၏ ။ မနက်ရောက်တော့ ဘာမှမဖြစ်ခဲ့သလိုမျိုး ပုံမှန်အတိုင်း ဆက်ဆံနေခဲ့တဲ့ Kim Jin ကြောင့် သူ့စိတ်တွေဟာ ပိုမိုရှုပ်ထွေးစေခဲ့သည် ။
"ကြာရင် ရူးတော့မှာပဲ "
သူသုံးနေတဲ့ Laptop ကို ပိတ်ကာ အိပ်ရာပေါ်၌လှဲချလိုက်သည် ။ စတွေ့ကတည်းက အမြဲတမ်း မထိတထိနဲ့ သတ်နေကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ၊ တစ်ယောက်နဲ့တစ်ယောက် အသုံးချဖို့သက်သက်သာရှိခဲ့တဲ့ လက်ထပ်ခြင်း ၊ တစ်ယောက်အကြောင်းတစ်ယောက်ဆိုလို့ အခုချိန်အထိ မွေးနေ့ ၊သွေးအမျိုးအစား ၊ ရာသီခွင်တောင် မသိရသေးတဲ့ ပေါင်းသင်းမှု စသောအရာတွေနဲ့ သူတို့နှစ်ယောက်ရဲ့ ရှေ့ရေးဟာ သေချာပါ့မလား ။ မျိုးဆက်ဟာ အရေးကြီးဆုံးဖြစ်နေသော အသိုင်းအဝိုင်းကြားထဲမှာ သူဟာမျိုးဆက်မပွားနိုင်သည့် အမျိုးသား ယောက်ျားလေးဖြစ်နေသည်ဟုသော အချက်ဟာ သူ့အတွက် ခက်ခဲပင်ပန်းစေလှသည် ။ အကယ်၍အချိန်တန်ရင်ရော Kim Jin ဟာ ထိုအကြောင်းအရာကို ပြဿနာတစ်ခုလုပ်ကာ သူ့အားဖယ်ထုတ်လိမ့်မည်လား ။
