( Zawgyi )
နန်းတွင်းထဲမှာ တည်ရှိနေတဲ့ ရေကန်ဟာ လူတို့ဖန်တီးထားသော အလှတရားတို့နှင့် ပြည့်နှက်နေ၏ ။ ရေကန်နှင့်အပြည့်ဖြစ်နေသော ကြာပွင့်တို့အပြင် ရောင်စုံငါးတွေလည်း တည်ရှိနေသေးသည် ။ ကန်ကိုဖြတ်ဆောက်ထားသော တံတားငယ်နှင့် အပန်းဖြေရန် တည်ဆောက်ထားသော ဇရပ်ရဲ့ သစ်သားတိုင်တွေဟာ နန်းတွင်းရဲ့ ထည်ဝါမှုကို ပြသနေ၏ ။
Jin သက်ပြင်းချကာ လက်ချောင်းတို့ဖြင့် မျက်ခုံးကို ခပ်ဖွဖွဖိနှိပ်လိုက်သည် ။ ရေကန်အလည်က အပန်းဖြေဇရပ်မှာ ထိုင်နေသော်လည်း ထိုအလှအပတို့က သူ့ရဲ့စိတ်ကို မငြိမ်းအေးစေနိုင်ပါ ။
"အရှင်မင်းကြီး ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ "
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Namjoon က မေးလာ၏ ။ အခုဖြစ်နေတဲ့ပြဿနာက မဟာမိတ်ဖွဲ့ထားတဲ့ ရုရှားနိုင်ငံက မြောက်ကိုရီးယားကို လက်နက်တင်သွင်းဖို့ အစ,ပြုရာကနေ ဖြစ်ပေါ်လာတဲ့ကိစ္စ ။ ပထမဆုံးလက်နက်အစမ်းတင်ပို့တဲ့နေ့မှာတင် မြောက်ကိုရီးယားက နယ်စပ်ဒေသမှာ စစ်ဆင်ရေးပြသခဲ့သည် ။ ထိုအရာက တောင်ကိုရီးယားရဲ့ လုံခြုံရေးကို များစွာ ဆိုးကျိုးသက်ရောက်လာနိုင်သည် ။
"သွားတွေ့ရမှာပေါ့ ...သံတမန်မဟုတ်ဘဲ ကိုယ်တိုင် သွားတွေ့တယ်ဆိုရင်တော့ ဆုံးဖြတ်ချက်ပြောင်းလဲနိုင်လောက်မှာပါ ..."
"ဒါပေမယ့် ရုရှားမှာဆိုရင် မင်းကြီးအတွက် အန္တရာယ်ရှိလာနိုင်တယ် "
"သူတို့က သံတမန်သွားတွေ့တာ လက်မခံဘူးလေ အဲ့ဒါက ဘာဆိုတာ မင်းလည်းသိနေတာပဲ မင်းသွားလည်း ထူးမှာမဟုတ်ဘူး .."
Jin ပြောနေရင်းနဲ့ သက်ပြင်းချလိုက်ကာ
"ငါတို့က နိုင်ငံငယ်လေး Namjoon ရ သူတို့မျက်နှာကြည့်ပြီး လှုပ်ရှားရမှာပဲ ...လောကကြီးက ဒီလိုပဲ အားနည်းနေရင် သေးငယ်နေရင် ခေါင်းငုံ့ရမှာပဲ "
သူပြောပြီး ရယ်လိုက်သည် ။ လူတွေရဲ့ စိတ်ကိုက ကိုယ့်ထက်အားနည်းတဲ့အရာတွေအပေါ်ကို နိုင်ထက်စီးနင်းလုပ်ချင်ကြတာပဲမလား ။
