XXIX

664 53 21
                                    

(Unicode)

"Appa ..Appa "

Yoongi အိပ်ပျော်နေတုန်း ဘေးနားက အသံကြောင်း ကြည့်လိုက်တော့ Shin လေးဖြစ်နေ၏ ။ သူထ,လိုက်ပြီး Shin လေးရဲ့ ပါးကို ပွတ်သပ်လိုက်ကာ ပွေ့ချီလိုက်သည် ။

"နှာခေါင်းပိတ်လို့ အိပ်လို့မရဘူးလား သားသား "

သူမေးလိုက်တော့ သားက ခေါင်းငြိမ့်ပြလာ၏ ။

"ဖေဖေက ချီထားပေးမယ် ပခုံးပေါ်ခေါင်းတင်ပြီး အိပ်လိုက်နော် ..လာ ..ငါတို့သားအဖ အပြင်ဘက်က ဧည့်ခန်းသွားရအောင် သားဒယ်ဒီက မနက်ကြ လွှတ်တော်သွားရအုံးမှာ "

သူပြောပြီး အပြင်ဘက်ကို ထွက်လာခဲ့သည် ။သူ သားကိုချီပြီး ဟိုဟိုဒီဒီလျှောက်နေရင် Jin က သေချာပေါက် နိုးလာတော့မှာ ။သူပွေ့ချီထားတဲ့ကိုယ်လေးက အနည်းငယ်နွေးနေတာကြောင့် အပြင်မှာစောင့်နေတဲ့ အမှုထမ်းလေးကို စားဖိုဆောင်ဘက်သွာပြီး တိုင်းရင်းဆေးကျိုပေးရန်နဲ့ မနက်ကြ ကြက်ပေါင်းလေးလုပ်ထားပေးရန် ပြောလိုက်သည် ။

"အိပ် အိပ် ..သား အိပ် ..ဖေဖေက ကျောလေးကို ပွတ်ပေးမယ် ဟုတ်ပါ့..ဒီကလေးလေးမှ နှာစေးရတယ်လို့ ခဏနေ ဆေးသောက်လိုက်ရင် သက်သာသွားမှာနော် "

ကိုယ်နွေးနေလို့ နည်းနည်းဂျီချင်နေတဲ့သားလေးကို ကျောပွတ်ပေးပြီး ချော့လိုက်သည် ။ သားနားမှာ သူစိမ်းအများကြီးမထားချင်တာကြောင့် အထိန်းတော်ကြီး တစ်ယောက်သာထားပြီး အဆောင်လည်း အတူတူပေါင်းထားတာကြောင့် သား အနားမှာက လူအများကြီးမရှိ ။အဲ့တာကြောင့် သားရဲ့ ကိစ္စတော်တော်များများက သူနဲ့Jin ဆီသာ ရောက်လာတော့သည် ။နည်းနည်းပင်ပန်းပေမယ့် သားရော သူတို့ရောအတွက် အဆင်ပြေပါတယ် ။ ကလေးတစ်ယောက်ရဲ့ ကြီးပြင်းတဲ့အချိန်က မြန်ဆန်လွန်းတာကြောင့် ထိုအချိန်ကို သူများကိုပေးပစ်ဖို့ရာ သူအရမ်းနှမြော၏ ။

"ဖေဖေ့သားလေး ..မနက်ကြ ကျောင်းသွားမှာမလား .."

"သွားမှာ Appa .."

"Shin လေးက တော်လိုက်တာ "

Shin ..Kim Shin ဆိုတဲ့ နာမည်ကို သူ့ခမည်းတော်ကိုယ်တိုင်း ရွေးပေးခဲ့တာ ။ မှန်ကန်ခြင်းနဲ့ ဘုရားသခင်စောင့်ရှောက်သော ဝိညာဉ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ Shin ကို သူတို့အကုန်လုံး သဘောတူညီစွာ နှစ်ခြိုက်ခဲ့ကြသည် ။သူနဲ့ Jin ရဲ့ အလှလေးတွေချည်း စုထားတဲ့သားတော်လေးက နန်းတွင်းတစ်ခုလုံးရဲ့ အသဲကျော်လေးဖြစ်သည် ။ သူ့ ဦးလေးတွေက သိပ်ချစ်ကြတဲ့အပြင် သူ့အဘွားတော်နဲ့ ခမည်းတော်က သိပ်သည်းတာကြောင့် သားတော်လေးကို လူဆိုးလေးမဖြစ်အောင် ထိန်းကျောင်းရတာက သားရဲ့ကိစ္စဝိစ္စတွေလုပ်ပေးရတာထက် ပိုမော၏ ။

Royal Blood (Completed)Hikayelerin yaşadığı yer. Şimdi keşfedin