(Zawgyi)
နန်းတွင်းကိုပြန်လာတဲ့ တစ်လျှောက်လုံး တစ်ခုခုကိုတွေးနေသလို မျက်နှာနဲ့ Kim Jin ကြောင်း ဘာမှ မပြောမိဘဲ သူ့ကိုကြည့်နေမိသည် ။ ကားလမ်းဘေးကိုငြည့်နေတဲ့ သူ့မျက်လုံးတွေက ငြိမ်သက်နေသည် ။ အရှေ့ခန်းက Jungkook က Kim Jin ကို လှည့်ကြည့်ပြီးနောက် ကျွန်တော်အား ဘာဖြစ်ထားတာလဲဟု မျက်နှာရိပ်မျက်နှာကဲနဲ့ မေးလာ၏ ။ ကျွန်တော်ခေါင်းကိုသာ ခါပြလိုက်တော့ သူကပြန်လှည့်သွားသည် ။ အတွေးလွန်နေတဲ့ Kim Jin ကို ကြည့်ကာ သက်ပြင်းကြိတ်ချလိုက်သည် ။ ဒီလိုပုံနဲ့ သူနဲ့က မလိုက်ဖက်ဘူး ။
အဆောင်တော်ကိုပြန်ရောက်တော့လည်း ဘာမှမပြောပဲ သူ့အိပ်ဆောင်ထဲကိုသာတန်းဝင်သွားတဲ့ သူ့ရဲကျောပြင်ကျယ်ကို ကြည့်နေမိသည် ။
"ကြင်ယာတော် ...အရှင်မင်းကြီး ဘာတွေဖြစ်ထားတာလဲ သိလား "
အနားနားကပ်မေးလာတဲ့ Jungkook ကြောင်း မော့ကြည့်ကာ ခေါင်းခါပြလိုက်သည် ။ ထိုအခါ သူကအရိုအသေပေးကာ Kim Jin နောက်ကို လိုက်သွားသည် ။
"Jungkook "
"အမိန့်ရှိပါ "
Kim Jin နောက်လိုက်သွားတဲ့သူ့ကိုလှမ်းခေါ်လိုက်တော့ Jungkook က ပြန်လှည့်ကာကြည့်လာသည်
"Jungkook ကို မေးစရာရှိလို့ ...ဟိုဟာ ..."
Jungkook ကို Sohee ဆိုသူအကြောင်းကို မေးမလို့လုပ်ပြီးမှ သူသည် Kim Jin ရဲ့ သစ္စာတော်ခံဖြစ်တာကြောင်း မေးဖို့ရာမဖြစ်နိုင်သည့်ကိုဂသတိရကာ ခေါင်းခါပြလိုက်သည် ။
"ကြင်ယာတော် ဘာပြောစရာရှိလို့လဲမသိဘူး "
"ဘာမှမဟုတ်ပါဘူး ..သွားလို့ရပြီ "
"ခွင့်ပြုပါအုံး "
ပြောကာ Kim Jin နောက်ကို မြန်မြန်လျှောက်သွားတဲ့ Jungkook ကို ကြည့်ပြီးနောက် သူလည်း အဆောင်ထဲသို့ ခြေဦးတည်လိုက်၏ ။
"ပြန်လာပြီလား ကြင်ယာတော် "
အဆောင်ထဲရောက်သည်နှင့် ဆီးကြိုကာစောင့်ပေးနေသော Hoseok Hyung ရဲ့လက်ထဲကို အပေါ်ဝတ်Coat ကိုချွတ်ကာပေးလိုက်တော့ Hyung က သေသေချာချာခေါက်ပြီး သူ၏ဘယ်ဘက်လက်တွင် ချိတ်ထားလိုက်သည် ။