XVII

1.1K 139 28
                                        

(Zawgyi)

အပန်းဖြေစံအိမ်ရောက်တာ လေးရက်လောက်ကြာတဲ့အချိန်မှာ သူနဲ့Kim Jin ရဲ့ ဆက်ဆံရေးဟာ အနည်းငယ် တိုးတက်လာတယ်လို့ ပြောလို့ရတယ် ။ ဥပမာ Kim Jin စကားတွေကို သူမရွဲ့သလို ၊သူ့ကိုလည်း Kim Jin က စကားနိုင်မလုတာမျိုးပေါ့ ။ စစ်အေးအခြေအနေမှာရှိတဲ့ သူတို့ရဲ့ဆက်ဆံရေးဟာ တော်တော်လေး အဆင်ပြေပြေချောချောမွေ့မွေ့တော့ ရှိတယ် ။

ဒီလေးရက်အတွင်းမှာ သူတို့ TV အတူကြည့်ဖြစ်ကြတယ် ။ မာကျောက်ကစားတာ ၊ Chess ထိုးတာ အပြင် တခါတလေ မြို့ဈေးလေးဘက်ကိုလည်း အတူသွားပြီး ဟင်းချက်ဖြစ်ကြတယ် ။ ဒီနေ့ Maple တောအုပ်ဆီကို ခေါ်သွားမယ်လို့ ပြောထားပြီး စာအုပ်တစ်အုပ်နဲ့ အလုပ်ရှုပ်နေတဲ့ Kim Jin ကြောင့် သူကော်ဖီဖျော်နေရာမှ လှမ်းကြည့်လိုက်သည် ။ Kim Jin ဆီသွားပြီး လက်ထဲက ကော်ဖီတစ်ခွက်ကို လှမ်းပေးလိုက်တော့ သူ့အားမကြည့်ဘဲ ယူလာ၏ ။ သူဘေးနားမှာထိုင်ပြီး ဖုန်းသုံးနေလိုက်သည် ။ နာရီဝက်ကျော်လောက်ကြာတော့ Jin က စာအုပ်ကိုပိတ်ပြီး မတ်တပ်ရပအညောင်းဆန့်လိုက်၏ ။ ပြီးတော့ ခုံပေါ်က ကင်မရာကို ယူကာ သူ့အား လက်ကမ်းလာ၏ ။သူမော့ကြည့်လိုက်သည် ။

"သွားမယ်..ထ "

"ဘယ်လဲ "

"Maple တွေဆီလေ မင်းကို လိုက်ပို့မယ်လို့ ကတိပေးထားတာကို "

Jinရဲ့ စကားအဆုံးတွင် သူပြုံးလိုက်ပြီး လက်ကိုလှမ်းဆွဲကာ ထ,ရပ်လိုက်သည် ။ စံအိမ်ကနေ အနည်းငယ်လမ်းလျှောက်ပြီးနောက်တွင် တောအုပ်လေးထဲကို တက်သွားရတဲ့ လှေကားလေးအတိုင်း တက်လာခဲ့ကြသည် ။ ကိုရီးယားတွင် ခေတ်မှီအဆောက်အဦးတွေနဲ့ စက်ရုံတွေ အပြိုင်အဆိုင် ဆောက်လုပ်နေပေမယ့် ဒီမြို့ကလေးကတော့ တော်ဝင်မိသားစု၏ အပန်းဖြေစံအိမ်ရှိရာဒေသဖြစ်နေတာကြောင့်ထင်တယ် စက်ရုံတွေ အဆောက်အဦးတွေထက် တောအုပ်နဲ့ ရှေးဟောင်းစံအိမ်တွေကိုသာ အတွေ့များရသည် ။

လှေကားလေးအဆုံးတွင် တစ်တောလုံးကို ရဲရဲတောက်နီနေတဲ့ Maple ပင်တွေကို တွေ့လိုက်ရသည် ။ သူ Maple တွေကို ချစ်သည် ။ သာမန်အရွက်ကလေးတစ်ရွက်ပေမယ့် တလောကလုံးကို နီဆွေးသွားအောင် လုပ်နိုင်တဲ့ Maple တွေဟာ သိပ်ကို ခန့်ညားထည်ဝါသည်ဟု သူထင်မိသည် ။ သဘာဝက ကျန်တာတွေကို မျက်လှည့်ပြချင်ပြနိုင်လိမ့်မယ် Maple တွေကိုတော့ မလှည့်စားနိုင်ပေ ။ Maple တွေက အချိန်မှန်စွာ တစ်ပင်လုံးရဲရဲတောက်အောင် အရောင်ပြောင်းကြသည် ။

Royal Blood (Completed)Where stories live. Discover now