5. I'm too sexy even as a Dog

8.2K 1.4K 97
                                    

၅. ခွေးဖြစ်တာတောင် ဆွဲ‌ဆောင်မှုရှိလွန်းတဲ့ ငါလေး။

သေချာပေါက် နင်ယန် က မှတ်ဉာဏ်ပျောက်ဆုံးနေတာ မဟုတ်တဲ့အတွက် နည်းနည်းလေး အားထုတ်ပြီး စဉ်းစားလိုက်တဲ့နောက်မှာ ရှက်စရာကောင်းတဲ့ အတိတ်ဖြစ်ရပ်ကို ပြန်မှတ်မိသွားတယ်။

အဲ့ကိစ္စက Weibo မှာ ဖြစ်ခဲ့တဲ့ 'မတော်တဆမှု' နဲ့ ဆက်စပ်တယ်။

နင်ယန်မှာ လူသိရှင်ကြား သိတဲ့ Weibo အကောင့်အပြင် သူ့စိတ်ကို လွှတ်ပေးဖို့ နောက်ထပ် အကောင့်တုတစ်ခုလည်း ဖွင့်ထားတယ်။ သူ ကြိုက်တဲ့ပို့စ်တွေကို အဲ့အကောင့်တုနဲ့ like လုပ်တာတို့၊ ကွန်မန့် ပေးတာတို့ လုပ်တတ်တယ်။ ဖန်တရာတေ တဲ့ ရိုမန့်ဇာတ်လမ်းတွေလိုပေါ့၊ သူ အဲ့အကောင့်နှစ်ခုကို မှားပြီး သုံးမိတယ်လေ။ ဒါကြောင့်ပဲ အဲ့အဖြစ်ဆိုးကြီး ပေါ်ပေါက်လာခဲ့တာ။

အဲ့ညက သူအရက်မူးပြီး Weibo မှာ ဟိုဟိုဒီဒီကြည့်နေတုန်း လင်းရုန်အကြောင်း ပြောထားတဲ့ မန့်တစ်ခု တွေ့သွားတယ်။ သူ ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ပြီး အရူးတစ်ယောက်လို အော်ရယ်ရင်း အဲ့ဒီ ကွန်မန့်ကို 'လက်မ' ပေးတယ်။ ပြီးတော့ အိပ်ပျော်သွားတယ်။

နောက်တစ်နေ့ သူ နိုးလာတော့ " Hot Search" မှာ သူ့နာမည်နဲ့ Trend တွေ အများကြီး၀င်ပြီး‌လို့ နင်ယွဲ့ က အဲ့ Trend တွေအားလုံး ကျသွားအောင် လုပ်ထားခဲ့တယ်။

ပြီးတော့ နင်ယန်ရဲ့ Weibo အကောင့်ထဲ ၀င်ပြီး အဲ့ like ကို ပြန်ဖြုတ်ပစ်တယ်။

အဲ့ဒီလို ပြဿနာတွေ ရှင်းခဲ့ပေမဲ့ နင်ယွဲ့က သူ့ကို အဲ့အကြောင်း တစ်လုံးတစ်ပါဒမျှ မဟခဲ့ဘူး။

ဒါပေမဲ့လို့ နင်ယွဲ့ မပြောပြလည်း နင်ယန်ရဲ့ သူငယ်‌ချင်းတွေ Weibo မှာ တင်ထားတဲ့ပို့်စ်အရ အဲ့အကြောင်းကို သိသွားခဲ့ရတာပဲ။

မန့်ကို လိုက်ခ် ပေးထားတဲ့ Screenshot တွေနဲ့ အဲ့အောက်က ကွန်မန့်တွေကို တွေ့လိုက်ရချိန်မှာတော့ နင်ယန် ရှက်လွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေချင်သွားတယ်။

သူ မူးမူးရူးရူးနဲ့ 'လက်မ' ပေးထားတဲ့ ကွန်မန့်ရဲ့ ပို့စ်က တကယ်တော့ လင်းရုန်ရဲ့ ဖန်တစ်ယောက် တင်ထားတာ။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now