41. 'Mr.Ning and Yeye' Exposed

7.1K 1.3K 269
                                    

၄၁. 'နင်-လောင်ရှီး နဲ့ ယဲ့ယဲ့တို့' ပေါ်လာပြီ။

လုမင် ဖုန်းဆက်တဲ့အချိန်က လင်းရုန် တီဗီလိုင်းတစ်ခုကနေ ရူးပေါပေါခွေးတွေရဲ့ဗီဒီယိုကို ကြည့်နေတဲ့အချိန်ပါ။

အင်မတန်ရူးနှမ်းလွန်းတဲ့ စပ်ကြားခွေးတစ်ကောင်ရဲ့ ဗီဒီယိုကို တွေ့တဲ့အထိ သူ မွှေနှောက်ရှာဖွေပြီး အဲ့ဗီဒီယိုကို ဖွင့်လိုက်တယ်။ သူ့ဘေးနားလေးက တီ‌ဗီကြည့်နေလား၊ မကြည့်နေလား မသိရတဲ့ ခွေးဖြူလေးကို လှမ်းကြည့်တယ်။ ပြီးတော့ ကြုံကြိုက်လို့ ပြောချင်ယောင်ဆောင်ပြီး :

" ယဲ့ယဲ့ ကြည့်ပါဦး၊ တော်တော် တုံးတယ်နော် "

ခွေးဖြူလေးက ကိုယ်မတ်ပြီး လည်ဆန့်ကြည့်တယ်။ သူ့ကြည့်ရတာ ခေါင်းရှုပ်သွားပုံပဲ။

လင်းရုန် : ".........."

သူ တိတ်တိတ်‌လေး လက်သီးဆုပ်လိုက်တယ်။

ပိုပြီးတုံးအတဲ့ စပ်ကြားခွေးနောက်တစ်ကောင်ရဲ့ ဗီဒီယိုကို ပြောင်းဖွင့်တယ်။ အဲ့ဒီခွေးက မျက်ဖြူလှန်တဲ့အထိ အရိုးကို သည်းကြီးမည်းကြီး ကိုက်တယ်။ သူ့ပိုင်ရှင်ရဲ့ တသောသောရယ်သံက နောက်ခံအသံအဖြစ် ထွက်လာတယ်။ ဒါပေမဲ့ ခွေးဖြူလေးက ဧည့်ခန်းစားပွဲနားသွားပြီး တီဗီရှေ့ထိုင်တယ်။ နက်နက်နဲနဲတွေးတောဟန်နဲ့ ဗီဒီယိုကို ကြည့်တယ်။

လင်းရုန်မျက်နှာ တင်းမာသွားတယ်။ တီဗီကို တန်းပိတ်လိုက်တယ်။

ခွေးဖြူလေးက သူ့ကိုလှည့်ကြည့်ပြီး စိတ်ရှုပ်တဲ့အမူအရာနဲ့ မျက်တောင်ခတ်တယ်။

လင်းရုန် နှုတ်ခမ်းစေ့ရင်း အကြည့်လွဲလိုက်တယ်။ နောက် စက္ကန့်အနည်းငယ်ကြာမှ နင်ယန်ကို ပြန်ကြည့်တယ်။။

နင်ယန် : " ? "

ဟမ် ? သူ့အကြည့်က ဘာလို့ အကြီးအကျယ် နာကျင်ခံစားပြီး နှစ်သိမ့်ခံဖို့လိုတဲ့ပုံ ပေါက်နေတာလဲ ?

ပြီးတော့ စပ်ကြားခွေးတွေကလည်း တော်လွန်းတယ်၊ တော်လွန်းလို့ သူ အခုထိ မိန်းမောတွေဝေနေတုန်းပဲ !

အဲ့အခိုက် လုမင်ဆီက ဖုန်း၀င်လာတယ်။

မျက်နှာသေနဲ့ပဲ လင်းရုန် ဖုန်းကိုင်လိုက်တယ်။ တစ်ဖက်ကနေ သူ့မန်နေဂျာရဲ့အသံ ထွက်လာတယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now